Trending Now

ဖားကန့် ပြည်ခိုင်ဖြိုးပါတီမှ ဦး​ဆောင်၍ ​COVID -19 ကြိုတင်ကာကွယ်ရန်အတွက် ပိုးသတ်​ဆေးဖျန်း

Spread the love

ဖားကန့် ပြည်ခိုင်ဖြိုးပါတီမှ ဦး​ဆောင်၍ ​COVID -19 ကြိုတင်ကာကွယ်ရန်အတွက် ပိုးသတ်​ဆေးဖျန်း

EPN
ဖားကန့်၊​ မေလ ၁၃

ဖားကန့်မြို့နယ် ပြည်​ထောင်စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ ဖြိုး​ရေးပါတီမှ ဦး​ဆောင်၍ အဆိုပါမြို့နယ်အတွင်း၊ ကျေးရွာအုပ်စုများရှိ ​ကျေးရွာများအား COVID-19 ကြိုတင်ကာကွယ်ရန်အတွက် ပိုးသတ်​ဆေးဖျန်းခြင်းလုပ်ငန်းများအား ​ဆောင်ရွက်​နေ​ကြောင်း သိရသည်။

​မေလ (၁၁)ရက်​နေ့မှစတင်၍ ကာမိုင်းမြို့အတွင်းရှိ၊ရပ်ကွက်(၁)ခုနှင့်၊ ကျေးရွာအုပ်စု (၆)ခု၊ လီဒိုလမ်းဒေသရှိ ကျေးရွာအုပ်စု (၅)ခု စုစု​ပေါင်း ​ကျေးရွာအုပ်စု (၁၁)အုပ်စုမှ ​ကျေးရွာများအား ပိုးသတ်​ဆေးဖျန်းခြင်းလုပ်ငန်းများအား လုပ်ကိုင်​ဆောင်ရွက်​ပေး​နေ​ကြောင်း ဖားကန့်ပြည်ခိုင်ဖြိုးပါတီ၏ တာဝန်ရှိသူထံမှ သိရသည်။

​”ကျေးရွာ​​​နေ ပြည်သူ​တွေရဲ့​တောင်းဆိုချက်​တွေအရ COVID-19 ကပ်​ရောဂါပိုးအန္တရာယ်အား ကြိုတင်ကာကွယ်ရန်အတွက် တဒေါင့်တနေရာက​နေ ဆောင်ရွက်​ပေးခဲ့တာပါ၊ တစ်ပါတ်တိတိ ကျေးရွာအုပ်စု (၁၁)ခုက ​ကျေးရွာ​တွေကို ​ဆေးဖြန်း​ပေးသွားမှာပါ”ဟု မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအင်ဖ​ရောင်းဂန် ကပြောသည်။

အဆိုပါ​ကျေးရွာများရှိ ​​နေအိမ်များသာမက ဘာသာ​ရေးအ​​ဆောက်အဦးများ၊ ရုံးအဆောက်အဦးများ အားလည်း ပိုးသတ်​ဆေးဖြန်းခြင်း၊ လက်ဆေးဂျဲလ်များ ​ပေး​ဝေခဲ့​ကြောင်း ၎င်းမှ ထပ်မံ​ပြောကြားသည်။

ဖားကန့် ပြည်ခိုင်ဖြိုးပါတီသည် ဧပြီလအတွင်းက အဆိုပါ ​ကျောက်စိမ်း​မှော်​ဒေသရှိ ​ကျေးရွာချင်းဆက် လမ်းများအား ပိုးသတ်ဆေးဖျန်းခြင်း၊ အလှူငွေ ပေးအပ်ခြင်းများ ပြုလုပ်​ပေးခဲ့ကြောင်း သိရသည်။

​သတင်း#​​နောင်ရိုး
ဓါတ်ပုံ# ဖားကန့်ပြည်ခိုင်ဖြိုးရုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။