Trending Now

ပုသိမ်မြို့ရှိ ရွှေသောင်ယံကမ်းခြေသို့ ပြီးခဲ့သည့် တစ်လ အတွင်း ခရီးသွားဧည့်သည် ၁၅၄၉၄ ဦး အထိ လာရောက် လည်ပတ်ခဲ့

Spread the love

ပုသိမ်မြို့ရှိ ရွှေသောင်ယံကမ်းခြေသို့ ပြီးခဲ့သည့် တစ်လ အတွင်း ခရီးသွားဧည့်သည် ၁၅၄၉၄ ဦး အထိ လာရောက် လည်ပတ်ခဲ့

EPN
ဧရာဝတီ၊ ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ရွှေသောင်ယံကမ်းခြေကို ပြီးခဲ့သည့်တစ်လအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် ၁၅၄၉၄ ဦးအထိ လာရောက်လည်ပတ်ခဲ့ကြောင်း ပုသိမ်ခရီးသွားလုပ်ငန်း အဖွဲ့မှ သိရသည်။

ပုသိမ်မြို့နယ်ရှိ ခရီးသွားဒေသတစ်ခုဖြစ်သည့် ရွှေသောင်ယံ ကမ်းခြေသို့ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၁ ရက် မှ ၃၁ ရက် အထိတစ်လအတွင်း ပြည်တွင်းနှင့် ပြည်ပြပ ခရီးသွားဧည့် ၁၅၄၉၄ ဦးအထိလာရောက်လည်ပတ်ခဲ့ ကြောင်း၊ အဆိုပါ လာရောက်လည်ပတ်ခဲ့သည့် ခရီးသွား ဧည့်သည် ၁၅၄၉၄ ဦးတွင် ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးလာရောက်လည်ပတ်ခဲ့ကြောင်း ပုသိမ်ခရီးသွား လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

”ရွှေသောင်ယံ ကမ်းခြေဟာ ပုသိမ်မြို့နယ်ထဲမှာ ငွေဆောင် ချောင်းသာတို့နည်းတူ ခရီးသွားကမ်းခြေဒေသ တစ်ခုဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလမှာ ကတည်းကစတင်ပြီး နေ့စဉ်ရွှေသောင်ယံကမ်းခြေမှာ ဧည့်သည်မပြတ်ရှိနေတာတွေ့ရပါတယ်၊ အထူးသဖြင့် အစိုးရ ရုံးပိတ်ရက်တွေ ဆက်တိုက်ရတဲ့လတွေဆို ခရီးသွားဧည့်သည်တွေဟာ သိသိသာသာကို တိုးခဲ့တာ့ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ ပိတ်ရက်တွေမှာလည်း ခရီးသွားဧည့်သည်တွေအရမ်းများခဲ့ပါတယ်၊ ခရီးသည် တွေကတော့ ရန်ကုန်တိုင်းဘက်ကအများဆုံးလာရောက် ခဲ့တာတွေ့ရပါတယ်၊ ရွှေသောင်ယံကမ်းခြေကိုလာတဲ့ ဧည့်သည်တွေအတွက် ရောဂါအန္တရာယ် ကင်းဝေးစေဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လုပ်ငန်းတွေ၊ ကမ်းခြေရဲ့ သဘာဝအလှကို အပြည့်အဝ ခံစားရစေဖို့အတွက် အမှိုက်ကအစ ကမ်းခြေသန့်ရှင်းသပ်ရပ်သာယာလှပစေဖို့ လုပ်ငန်းတွေကို ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ဒေသခံတွေ ဟိုတယ် လုပ်ငန်းရှင်တွေက အပတ်စဉ် ပူးပေါင်း ဆောင်ရွက်နေပါတယ်၊”ဟု ၎င်းကဆက်ပြောသည်။

ရွှေသောင်သံကမ်းခြေသို့ ၂၀၂၂ခုနှစ် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း လာရောက်လည်ပတ်ခဲ့သည့် ခရီးသွား ဧည့်သည်များအနေဖြင့် ဒီဇင်ဘာလ ပထမ အပတ်တွင်၄၁၂၂ ဦး၊ ဒုတိယအပတ်တွင် ၅၁၁၆ ဦး၊တတိယအပတ်တွင် ၆၂၅၆ ဦး စုစုပေါင်း ၁၅၄၉၄ ဦးအထိ လာရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ်းခြေတွင် ဟိုတယ်ရွှေသောင်ယံ ဟိုတယ်နှင့် Lai Lai ဟိုတယ်အပါအဝင်ဟိုတယ်နှင့် တည်ခိုရိပ်သာ အလုံးရေ ၂၀ ကျော်အထိရှိပြီး ယင်းကမ်းခြေသို့ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် နိုဝင်ဘာလ တစ်လအတွင်းက ခရီးသွားဧည့်သည် ဦးရေ ၆၀၀၀ ကျော်အထိသာ လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။