Trending Now

ထိုင်ဝမ် အစားအစာနဲ့ အဖျော်ယမကာ တွေကို တရုတ်က တင်သွင်းခွင့်ပိတ်ပင်

Spread the love

ထိုင်ဝမ် အစားအစာနဲ့ အဖျော်ယမကာ တွေကို တရုတ်က တင်သွင်းခွင့်ပိတ်ပင်

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၂

ထိုင်ဝမ်ကနေ တင်သွင်းနေတဲ့ ပြည်ကြီးငါး၊ ပစိဖိတ်ဆာရီ၊ ဘီယာ နဲ့ အခြားထုတ်ကုန် အမြောက်အများကို တင်သွင်းခွင့် တရုတ်အကောက်အခွန် ဝန်ကြီးဌာနက ယာရီရပ်ဆိုင်းလိုက်ပါတယ်။

ထိုင်ဝမ်ကနေ တရုတ်ကို တင်သွင်းနေတဲ့ ထုတ်ကုန် ၇၀ ရာခိုင်နှုန်းကျော်ဟာ တရုတ်နိုင်ငံရဲ့ အကောက်အခွန် အဏာပိုင်တွေထံမှာ မှတ်ပုံတင်ထားရတာ ဖြစ်လို့ နစ်နာမှုတွေ ရှိနေတယ်လို့ ထိုင်ဝမ်က ဆိုပါတယ်။

ထိုင်ဝမ်ထုတ်ကုန် ၂,၄၀၀ ခန့်ကို တရုတ်နိုင်ငံက စနေနေ့အထိ တင်သွင်းခွင့် ပိတ်ပင်ထားပြီး ဘယ်အချိန်မှာ ပြန်လည်တင်သွင်းခွင့်ပြုမလဲ ဆိုတာ အတိအကျမသိရသေးပါဘူး။

တရုတ်နိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းတွေဟာ ပွင့်လင်းမြင်သာမှုကင်းမဲ့ပြီး ထိုင်ဝမ်ကို အခုလိုလုပ်ဆောင်တာဟာ စီးပွားရေးအရ အကြပ်ကိုင်တာဖြစ်တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံဘက်က ပြောရေးဆိုခွင့်ရှိသူက ကုန်ပစ္စည်းတွေ တင်သွင်းနေတဲ့ ကုမ္ပဏီတွေဟာ မှန်ကန်စွာ မှတ်ပုံတင်ထားခြင်းမရှိကြောင်း နဲ့ ထိုင်ဝမ်ရဲ့ နိုင်ငံရေးအရ ခြယ်လှယ်မှုမှန်သမျှကိုရပ်တန့်သင့်တယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

— ကိုးကား —
NHK
ref; Taiwan criticizes China for halting Taiwanese food, beverage imports

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။