Trending Now

နန့်မီးလောင်ကျေးရွာ သုဿာန်အနီး မူးယစ်ဆေးဝါးသယ်ဆောင်လာသူများ ဖမ်းဆီးရမိ

Spread the love

နန့်မီးလောင်ကျေးရွာ သုဿာန်အနီး မူးယစ်ဆေးဝါးသယ်ဆောင်လာသူများ ဖမ်းဆီးရမိ

EPN
မိုးညှင်း၊ ဧပြီ ၂၆

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ နန့်မီးလောင်ကျေးရွာသုဿာန်အနီး ယမန်နေ့က မူးယစ်ဆေးဝါး သယ်ဆောင်လာသူများကို ဖမ်းဆီရမိခဲ့ကြောင်း လုံးတုံနယ်မြေရဲစခန်းမှ သိရသည်။

မိုးညှင်းမြို့ မူးယစ်တပ်ဖွဲ့စု(၃)မှ ဒုရဲအုပ်နေလင်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူ ဧပြီလ ၂၄ ရက်နေ့တွင် မူးယစ်ဆေးဝါး သတင်းအရ နန့်မီးလောင်ကျေးရွာသုဿာန်အနီး စောင့်ဆိုင်းနေစဉ် နန့်ပဒဲကျေးရွာဘက်မှ လူ၂ဦးစီးနင်းလာသည့် ဆိုင်ကယ် တစ်စီးအား တားဆီစစ်ဆေးခဲ့ရာ ဆိုင်ကယ်မှာ ရပ်တန့်ပေးခြင်းမရှိ ထွက်ပြေးခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ကြသည်။

အဆိုပါ ဆိုင်ကယ်စီးနင်းလာသူများမှာ အောင်မင်းဦး၊ (၂၄)နှစ်၊ (ဘ) ဦးသိန်းထွန်း၊ နန့်ပဒဲကျေးရွာနှင့် ဒေါ်သန်းထွေး(၄၆)နှစ်၊ (ဘ) ဦးဖိုးရှည်၊ နန့်ပဒဲကျေးရွာနေထိုင်သူများ ဖြစ်ကြပြီး ၄င်းတို့အား ဖမ်းဆီးရမိစဉ် သက်သေများရှေ့မှောက် စစ်ဆေးခဲ့ကြရာ ဆိုင်ကယ် ခွကြားတွင် ညှပ်ထားသည့် ပလပ်စတစ်ခြင်းအတွင်း အနက်ရောင်ကြွပ်ကြွပ်အိတ်ထဲ၌ ရောင်စုံဆပ်ပြာခွက်များ ထဲတွင်ပ လပ်စတစ်အကြည်နှင့်ထုပ်ထားသည့် ဘိန်းဖြူ ဟုယူဆရသည့် ဖြူ/ဝါမှုန့် အလေးချိန်(၁၀)ဂရမ်စီပါ (၃)ခွက် စုစုပေါင်းဘိန်းဖြူ အလေးချိန် (၃၀)ဂရမ်နှင့် ဒေါ်သန်းထွေး၏ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသည့် နက်ပြာ ကွက်အင်္ကျီ၏ ယာဘက်အိပ်ကပ်ထဲမှ အနက်ရောင်ကပ် ခွါအိတ်အတွင်းမှ CR/7 စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား(၁၈၈)ပြား ပါ တစ်ထုပ်နှင့်အပြာရောင်ကပ်ခွါ အိတ်ထဲမှ(1) စာတန်းပါပန်းရောင် စိတ်ကြွဆေးပြား(၉၈) ပြားပါ တစ်ထုပ် စုစုပေါင်းစိတ်ကြွဆေးပြား (၂၈၆)ပြား တို့အားရှာဖွေတွေ့ရှိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ (၂)ဦးအား လုံတုံနယ်မြေရဲစခန်းတွင် မယ(ပ) ၂၃/၂၀၂၀၊ ပုဒ်မ ၁၀(က)၊ ၂၁ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ရာ စစ်ဆေးပေါ်ပေါက်ချက် အမှုကွင်းဆက်အရ ယင်းနေ့တွင်ပင် နန့်ပဒဲကျေးရွာနေ ဒေါ်သန်းညွှန့်ဆိုသူ၏ နေအိမ်ကို ဆက်လက်ရှာဖွေခဲ့ကြသည်။

အဆိုပါ ဒေါ်သန်းညွှန့် ဆိုသူ၏ နေအိမ်တွင် ရှာဖွေခဲ့ကြရာတွင် ဒေါ်သန်းညွှန့်နှင့်အတူ ၄င်း၏ နေအိမ်အနောက်ဘက် ခြုံအတွင်း ဝှက်ထားသော အနက်ရောင်ကြွပ်ကြွပ်အိတ်ထဲမှရောင် စုံဆပ်ပြာခွက်များအတွင်းပလပ်စတစ်အကြည်နှင့် ထုပ် ထားသည့်ဘိန်းဖြူဟု ယူဆရသည့် ဖြူ/ဝါမှုန့်အလေးချိန် (၁၀)ဂရမ်စီပါ (၇)ခွက် စုစုပေါင်း ဘိန်းဖြူအလေးချိန် (၇၀)ဂမ်နှင့် အနက်ရောင်ကပ်ခွါအိတ်များထဲမှ CR/7 စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား(၂၀၀)ပြားပါ (၂၃)ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား (၄၆၀၀)ပြား တို့ကို ထပ်မံ သိမ်းဆည်းရမိခဲ့သည်။

ဒေါ်သန်းညွှန့်အား ထပ်မံစစ်ဆေးခဲ့ရာတွင် အင်းတော်ကြီး မပြင်ကျေးရွာနေ ဒေါ်မထွေး ဆိုသူထံမှ ၀ယ်ယူခဲ့ကြောင်း သိရှိရသဖြင့် ဒေါ်မထွေး၏ နေအိမ်သို့ ဖမ်းဆီးစစ်ဆေးရန် သွားရောက်စဉ် ဒေါ်မထွေးမှာ ကြိုတင်ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်သန်းညွန့်၊ (၄၂)နှစ်၊ (ဘ)ဦးဖိုးရှည် နန့်ပဒဲကျေးရွာ အင်းတော်ကြီးဒေသ မိုးညှင်းမြို့နယ် အောင်မင်းဦး၊ (၂၄)နှစ်၊ (ဘ)ဦးသိန်းထွန်း နန့်ပဒဲကျေးရွာ အင်းတော်ကြီးဒေသ မိုးညှင်းမြို့နယ်၊ ဒေါ်သန်းထွေး၊ (၄၆) နှစ်၊ (ဘ)ဦးဖိုးရှည်၊ နန့်ပဒဲကျေးရွာ အင်းတော်ကြီးဒေသ မိုးညှင်းမြို့နယ်နှင့် ဒေါ်ထွေး၊ (၅၀)နှစ်၊ (ဘ)ဦးထွန်းညွန့် မပြင်ကျေးရွာ အင်းတော်ကြီးဒေသ မိုးညှင်းမြို့နယ်နေ ထိုင်သူတို့အား လုံးတုံနယ်မြေရဲစခန်းမှ မယ(ပ)၂၄/၂၀
ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။