Trending Now

မိုးကောင်းမြို့နယ်ရှိ ပင်စင်စားများအား အငြိမ်းစားလစာများ ထုတ်ပေး‌တော့မည်

Spread the love

မိုးကောင်းမြို့နယ်ရှိ ပင်စင်စားများအား အငြိမ်းစားလစာများ ထုတ်ပေး‌တော့မည်

EPN
မိုးကောင်း၊ ဧပြီ ၁၉

မိုးကောင်းမြို့နယ်ရှိ ပင်စင်စားများအား အငြိမ်းစားလစာများကို ထုတ်ပေးတော့မည် ဖြစ်ကြောင်း မြန်မာ့စီးပွားရေး ဘဏ်တာဝန်ရှိသူ ထံမှသိရသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ဧပြီ (၂၁)ရက် နံနက် (၈)နာရီမှ စ၍ ပင်စင်စားများအား အငြိမ်းစားလစာများကို ထုတ်ပေးမည်ဖြစ်ရာ ထိုသို့ထုတ်ပေးရာတွင် သက်ကြီးရွယ်အိုများ လူစုလူဝေး မဖြစ်စေရန်ထိုင်ရန်နေရာ‌နှင့် ကျန်းမာရေးနှင့်အညီ လက်ဆေးရန် ဘေစင် တို့ကို စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“တစ်သုတ်ကို (၄၀)ဦးစီ ထုတ်ပေးမှာဖြစ်ပြီး အမိုးအကာအောက်မှာ ထိုင်စောင့်စေဖို့ အမိုးအကာနဲ့ လုပ်ပေးထားပါတယ်။ ကျန်းမာရေးအတွက် လက်ဆေးစင်နဲ့ Masksများကိုလည်း ပေးဝေထားမှာဖြစ်ပါတယ်။ တစ်သုတ် တစ်သုတ်ကို အမြန်ပြီးစီးအောင် စီစဉ်ဆောင်ရွက်ထားပါတယ်”ဟု မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာ ဦးနိုင်ဝင်းမှ ဆိုသည်။

မိုးကောင်းမြို့နယ်တွင် ပင်စင်စား အငြိမ်းစားဦးရေ(၁၉၀၀)ဦး ကျော်ရှိပြီး လစဉ် ထုတ်ယူသူ(၁၂၀၀)ဦးခန့် ရှိကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။