Trending Now
တတိယအကြိမ်မြောက် ကချင်ပြည်နယ်လုံးဆိုင်ရာ ရှမ်းလူ ငယ်ဖိုရမ်ကို ​မေလ တတိယအပတ်တွင်​ ၃ရက်ကြာ ကျင်းပမည်
Spread the love
၃ရက်ကြာကျင်းပမည်
EPN
မြစ်​ကြီးနား ​ဖေ​ဖော်​ဝါရီ ၂၂
တတိယအကြိမ်မြောက်ကချင်ပြည်နယ်လုံးဆိုင်ရာ ရှမ်းလူငယ်ဖိုရမ်ကို ၂၀၁၉မေလ တတိယအပတ်တွင်​ ၃ရက်ကြာကျင်းပမည် ဟု ရှမ်းလူငယ်
အမူ​ဆောင်​ထံမှ သိရသည်​။
ဒီဖိုရမ်ကို ကချင်ပြည်နယ်မှာရှိတဲ့ဒေသခံ ရှမ်းလူငယ်တွေ
ဦးဆောင်ကျင်းပပြုလုပ်မှာဖြစ်ပြီး ဒီဖိုရမ်ကို ကချင်ပြည်
နယ်မှာနေထိုင်တဲ့ ရှမ်းလူငယ်တွေသာမက နိုင်ငံခြားမှာ
နေထိုင်တဲ့ရှမ်းလူငယ်တွေဖိတ်ခေါ်ဖို့စီစဉ်ထားတယ်လို့
သိရပါတယ်။
ဒီဖိုရမ် လုပ်ရတာဟာ “ရှမ်းလူငယ်တွေရဲ့ စွမ်းရည်၊ နိုင်ငံ
ရေးအသိပညာ၊လက်မှုပညာစတဲ့ပညာရပ်တွေကို ရှေ့ဆက်
ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ရလဒ်ကို အဖြေရှာနိုင်ဖို့ရည်​ရွယ်
တယ်လို့ “ရှမ်းလူငယ်အလုပ်အမှုဆောင် ကိုစိုင်းအိုက်ပီ
ကပြောပါတယ်။
အဆိုပါရှမ်းလူငယ်ဖိုရမ်ကို ၂၀၁၄ခုနှစ်က ပထမအကြိမ်၊ ၂၀၁၅ခုနှစ်က ဒုတိယအကြိမ်နဲ့ ယခုလာမဲ့မေလ တတိယအပတ်မှာကျင်းပမဲ့ ဖိုရမ်ကတော့ တတိယအကြိမ်ရှမ်းလူငယ်ဖိုရမ်ဖြစ်ပါတယ်။
Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။