Trending Now

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဖင်လန်သမ္မတဟောင်း ကိုဗစ်-၁၉ ကူးစက်ခံထားရ

Spread the love

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဖင်လန်သမ္မတဟောင်း ကိုဗစ်-၁၉ ကူးစက်ခံထားရ

EPN
နိုင်ငံတကာ မတ် ၂၅

နိုဘယ်ဆုရှင်နှင့် ဖင်လန်သမ္မတဟောင်း မတ်တီအတီဆာရီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်ဟု ဖင်လန်သမ္မတရုံးက ပြောကြားလိုက်သည်။

အသက် ၈၂ နှစ်အရွယ် မတ်တီမှာ အင်ဒိုနီးရှား၊ ကိုဆိုဗိုနှင့် နမီးဘီးယားအပါအဝင် ကမ္ဘာတစ်ဝန်း ပဋိပက္ခများတွင် ငြိမ်းချမ်းရေး သဘောတူညီချက်များရရှိရန် ဆယ်စုနှစ်သုံးခုကြာ စေ့စပ်ညှိနှိုင်းပေးခဲ့ခြင်းကြောင့် ၂၀၀၈ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရသည်။

၁၉၉၄ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်အတွင်း ဖင်လန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကုလသမဂ္ဂ သံတမန်ဟောင်း မတ်တီသည် မတ်လ ၂၃ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရသည်ဟု ဖင်လန်သမ္မတရုံးက ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။

ပြီးခဲ့သည့် စနေနေ့က မတ်တီ၏ အသက် ၈၃ နှစ်အရွယ် ဇနီး အီဗာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရ သည်။ သံသယရှိသူအားလုံးကို မစမ်းသပ်ရသေးသော်လည်း တိုင်းပြည်အတွင်း ကိုဗစ်-၁၉ ကူးစက်မှု ၇၀၀ နှင့် သေဆုံးမှုတစ်မှုရှိကြောင်း ဖင်လန် ကျန်းမာရေးအာဏာပိုင်များက အတည်ပြုခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်ခံရသူ အမှန်တစ်ကယ် အရေအတွက်မှာ အဆ ၃၀ အထိ မြင့်တက်လာနိုင်ကြောင်း ၄င်းတို့က ပြောသည်။ ဖင်လန်နိုင်ငံရှိ အသက် ၁၀ နှစ်အထက် ကလေးငယ်များအတွက် စာသင်ကျောင်းများနှင့် နယ်စပ်ဂိတ်များအားလုံး ပိတ်ထားခဲ့သည်။

အသွားအလာကန့်သတ်ချက်များ ပိတ်ပင်မှုကို မကြာမီ ကြေညာမည်ဟု ဖင်လန်ဝန်ကြီးချုပ် ဆန်နာမာ ရင်က မတ်လ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

–ကိုးကား–
အေအက်ဖ်ပီ
Ref; Nobel-winning peace negotiator Ahtisaari has coronavirus


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။