Trending Now

အမျိုးသမီး လေးဦးထံမှ ကျပ်သိန်း တစ်ရာ့ခြောက်ဆယ်ခန့် တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

Spread the love

အမျိုးသမီး လေးဦးထံမှ ကျပ်သိန်း တစ်ရာ့ခြောက်ဆယ်ခန့် တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၃

မြစ်ကြီးနားမြို့၊ (၂၁)မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီလ ၂၁ ရက်နေ့က
အမျိုးသမီး ၄ ဦးထံမှ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနားမြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့၊ (၂၁)မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မူးယစ်သတင်းအရ မော်တော်ယာဉ်များကို စစ်ဆေးရှာဖွေစဉ် နမ္မတီးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မနဒီခိုင်မင်း၊ မမူခိုင်ခင်ဦး၊ မဥမ္မာထွေး နှင့် မမူညိုအေး တို့ထံမှ ဘိန်းစိမ်းအလေးချိန် ၁၄ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၆၈ သိန်း )နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး မနဒီခိုင်မင်း (၂၃)နှစ်၊ မမူခိုင်ခင်ဦး (၂၅)နှစ်၊ မမူဥမ္မာထွေး (၄၀)နှစ် နှင့် မမူညိုအေး (၂၃)နှစ် တို့အား မြစ်ကြီးနားနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။