Trending Now

ကိယက်ဗ်မြို့ ဒုံကျည်တိုက်ခိုက်မှုဟာ ကုလသမဂ္ဂကို ပူတင်က လက်ခလယ် ထောင်ပြလိုက်တာဖြစ်တယ်လို့ ယူကရိန်းမြို့တော်ဝန်ပြော

Spread the love

ကိယက်ဗ်မြို့ ဒုံကျည်တိုက်ခိုက်မှုဟာ ကုလသမဂ္ဂကို ပူတင်က လက်ခလယ် ထောင်ပြလိုက်တာဖြစ်တယ်လို့ ယူကရိန်းမြို့တော်ဝန်ပြော

EPN

နိုင်ငံတကာ၊ ဧပြီ ၃၀

ကုလအကြီးအကဲ မြို့တော်သို့ရောက်ရှိနေချိန်အတွင်း ဒုံးကျည်ဖြင့် တိုက်ခိုက်မှုဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်က စစ်ပွဲနဲ့ပတ်သက်ပြီး အနောက်အုပ်စုနဲ့ ကုလသမဂ္ဂကို လက်ခလယ် ထောင်ပြလိုက်တာဖြစ်တယ်လို့ ကိယက်ဗ် မြို့တော်ဝန်က မှတ်ချက်ပေးလိုက်ပါတယ်။

မြို့တော်ကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အခြား ၁၀ ဦး ဒဏ်ရာရရှိခဲ့ပေမယ့် ကုလအကြီးအကဲ ဂူတာရက်စ် ရဲ့အဖွဲ့တွေကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။

ယူကရိန်းနိုင်ငံ မြို့တော်ကို ကုလသမဂ္ဂ အကြီးအကဲ လာရောက်စဉ် အတွင်း ဒုံးကျည်ဖြင့်တိုက်ခိုက်မှုဟာ ရုရှားခေါင်းဆောင်က နိုင်ငံတကာ ဖိအားကို ဦးညွှတ်ဖို့ ရည်ရွယ်ချက်မရှိကြောင်း ပြသနေတာဖြစ်တယ်လို့လည်း လေ့လာသူတွေက ပြောပါတယ်။

အဆိုပါကိယက်ဗ်မြို့ကို တိုက်ခိုက်မှုဟာ ရုရှားတပ်များ ပြန်လည်ဆုတ်ခွာပြီးနောက် ရက်သတ္တပတ်အတွင်း ပထမဆုံးနဲ့ အပြင်ထန်ဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။

“ ဒီဒုံးကျည်တိုက်ခိုက်မှုဟာ ရုရှားရဲ့ စစ်ရေးအစီအစဉ်တွေကို လွှမ်းမိုးဖို့ ဒါမှမဟုတ် ပါဝင်ဖို့ကြိုးစားနေတဲ့ နိုင်ငံတကာဖွဲ့စည်းပုံတွေနဲ့ အဖွဲ့အစည်းအားလုံးကို သတိပေးချက် ပေးပို့နေပါတယ် ဒါ့အပြင် ရုရှားဟာ အခုအချိန်အထိ ယူကရိန်းမှာ ထူးထူးခြားခြား အမြတ်အစွန်းတွေ မရရှိခဲ့ပေမယ့် ဆက်လက်ထိုးစစ်ဆင်နေပြီး မြို့တွေကို ဒုံးကျည်တွေနဲ့ ဆက်လက်တိုက်ခိုက်သွားဖို့ ရည်ရွယ်ထားပါတယ်။” လို့ ယူကရိန်းနိုင်ငံရေးလေ့လာသုံးသပ်သူ ဗိုလိုဒီမာ ဖီဆန်ကိုက ပြောပါတယ်။

ယူကရိန်းသမ္မတ ကိယက်ဗ်မြို့တစ်ဝိုက်တွင် ပျက်စီးဆုံးရှုံးမှုအချို့ကို သွားရောက်ကြည့်ရှုကာ အရပ်သားများအပေါ် တိုက်ခိုက်မှုများကို ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တစ်နာရီခန့်အကြာမှာ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှု ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒါဟာ ကမ္ဘာ့အဖွဲ့အစည်းတွေအပေါ် ရုရှားရဲ့ စစ်မှန်တဲ့ သဘောထားနဲ့ ကုလသမဂ္ဂကို အရှက်ရစေဖို့ ရုရှားခေါင်းဆောင်ပိုင်းတွေရဲ့ ကြိုးပမ်းမှုဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်ဇကီကပြောပါတယ်။

မကြာသေးမီရက်သတ္တပတ်များအတွင်းက ကိယက်ဗ်မြို့ဟာ အတော်လေးကို ထိခိုက်မှုမရှိခဲ့ဘဲ ကော်ဖီဆိုင်များနဲ့ အခြားစီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်လာခဲ့ပေမယ့် တိုက်ခိုက်မှုအပြီးမှာတော့ မြို့တော်အတွင်း ငြိမ်သက်သွားခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ အရပ်သားဒေသများကို ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းအတွက် ပြင်းပြင်းထန်ထန် ဝေဖန်မှုများနဲ့ ရင်ဆိုင်နေရပြီး မော်စကိုကတော့ တိုက်ပွဲမဟုတ်သူများကို ကာကွယ်ရန် အတတ်နိုင်ဆုံး လုပ်ဆောင်နေတယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။

ဒါ့အပြင် ယူကရိန်း အရှေ့ပိုင်း ဒွန်းဘက်စ် ဒေသမှာ ရုရှားက မီးစုန်း ဖော့စ်ဖရပ်စ် ပါဝင်တဲ့ လက်နက်တွေ အသုံးပြုနေတယ်လို့လည်း ယူကရိန်းစစ်တပ်က စွပ်စွဲခဲ့ပါတယ်။ ဖော့စ်ဖရပ်စ်ဟာ နိုင်ငံတကာ စံနှုန်းတွေအရ ဓာတုလက်နက် အဆင့်လို့ သတ်မှတ် မထားပေမယ့် စစ်မြေပြင်မှာ သုံးစွဲမှုတွေနဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

Source – Aljazeera
Ref; Putin’s ‘middle finger’ to the UN sends clear message to the West


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။