Trending Now

Pirola (ပိုရီလာ) – BA.2.86 ကိုရိုနာဗိုင်းရပ်ဗားရှင်းအသစ်ကြောင့် စိုးရိမ်ပူပန်မှုတွေ မြင့်တက်

Spread the love

Pirola (ပိုရီလာ) – BA.2.86 ကိုရိုနာဗိုင်းရပ်ဗားရှင်းအသစ်ကြောင့် စိုးရိမ်ပူပန်မှုတွေ မြင့်တက်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၅

အိုမီခရွန် မျိုးကွဲတစ်ခုဖြစ်တဲ့ Pirola (ပိုရီလာ) – BA.2.86 ကိုရိုနာဗိုင်းရပ်ဗားရှင်းအသစ်ဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံတစ်ချို့မှာဖြစ်ပွားနေပြီး ဗီဇပြောင်းလဲမှုများစွာရှိတဲ့ မျိုးကွဲနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေရှိနေပါတယ်။

ပိုရီလာ မျိုးကွဲအသစ်မှာ ဗီဇပြောင်းလဲမှု ၃၀ ကျော်ပါဝင်ပြီး သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေကြောင့် ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတွေကြားမှာ စိုးရိမ်မှုတွေ တိုးပွားစေခဲ့ပါတယ်။

ဒီမျိုးကွဲအသစ်ကို ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းက ဒိန်းမတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး သြဂုတ်လအတွင်းမှာတော့ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာပါ တွေ့ရှိခဲ့ပါတယ်။

ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ ပြင်းထန်တဲ့ ရောဂါနဲ့ သေဆုံးမှုလှိုင်းတွေကို မဖြစ်ပေါ်စေနိုင်ပေမယ့် အရင်က ကိုဗစ်ရောဂါကူးစက်ခံရဖူးသူတွေမှာ ပြန်လည်ကူးစက်မှုကို ပိုမိုဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။

တစ်ချိန်ထဲမှာပဲ အိုမီခရွန်မျိုးကွဲသစ် (အဲရစ်)Eris -EG.5 ကြောင့် ကိုဗစ်ကူးစက်မှုနှုန်းတွေ အနည်းငယ် ပြန်လည်မြင့်တက်လာခဲ့ပြီး ဒီမျိုးကွဲရဲ့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုကတော့ ကာကွယ်ဆေးတွေမှာ ပါဝင်တဲ့ ပဋိပစ္စည်းတွေကို ရှောင်ရှားနိုင်တဲ့ ဗီဇပြောင်းလဲမှုတစ်ခုရှိနေတာဖြစ်ပါတယ်။

အဲရစ်မျိုးကွဲကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က “စိတ်ဝင်စားစရာကောင်းတဲ့ မျိုးကွဲ” တစ်ခုအဖြစ် သတ်မှတ်ထားပေမယ့် လူထုကြားမှာ အန္တရာယ်ဖြစ်ပွားမှုနည်းပါးတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကျန်းမာရေးအာဏာပိုင်တွေက BA.2.86 မျိုးကွဲ နဲ့ ပတ်သက်လို့ အဆင့်မြင့်ထားတဲ့ ကာကွယ်ဆေးတွေရဲ့ထိရောက်မှုကို အကဲဖြတ်လျက်ရှိပြီးရှိပါတယ်။

ဒီမျိုးကွဲသစ်တွေနဲ့ ပတ်သက်လို့ တချို့နိုင်ငံတွေမှာ သတိပေးမှုတွေပြုလုပ်ထားပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ဆက်လက်ပြုလုပ်သွားဖို့ ပြင်ဆင်ထားကြပါတယ်။

အမေရိကန် ရာဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) က တုပ်ကွေးကာကွယ်ဆေးထိုးနှံမှုနဲ့အတူ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုတွေကို ဆက်လက်ပြုလုပ်သွားဖို့ အကြံပြုထားပြီး လာမယ့် လအတွင်းမှာ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို လုပ်ဆောင်မယ်လို့ မျှော်လင့်ရပါတယ်။

ဗြိတိန်နိုင်ငံမှာလည်း BA.2.86 မျိုးကွဲကို စတင်တွေ့ရှိခဲ့ပြီးတဲ့နောက် ကြိုတင်ကာကွယ်မှုအဖြစ် ရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံခြင်းနဲ့အတူ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုတွေကို စက်တင်ဘာ ၁၁ ရက်နေ့မှာ စတင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။