Trending Now

ဂမ်ဘီယာနိုင်ငံသည် တရားစွဲဆိုပိုင်ခွင့် မရှိကြောင်း လျှောက်ထားချက်အား ကြိုဆိုထောက်ခံကြောင်း မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ ထုတ်ပြန်

Spread the love

ဂမ်ဘီယာနိုင်ငံသည် တရားစွဲဆိုပိုင်ခွင့် မရှိကြောင်း လျှောက်ထားချက်အား ကြိုဆိုထောက်ခံကြောင်း မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ ထုတ်ပြန်

EPN
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ဂမ်ဘီယာနိုင်ငံက တင်သွင်းခဲ့သည့်အပေါ် တရားရုံးက စီရင်ပိုင်ခွင့်မရှိကြောင်းနှင့်၊ သို့မဟုတ် ဂမ်ဘီယာနိုင်ငံ သည် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ကြေညာပေးရန် အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ လျှောက်ထားချက်အား ကြိုဆိုထောက်ခံကြောင်း မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ ထုတ်ပြန်လိုက်သည်။

ဂမ်ဘီယာနိုင်ငံက ICJ သို့ ဒုတိယအကြိမ်ဦးတိုက်လျှောက်ထားမှုကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက် နယ်သာလန်နိုင်ငံရှိ ICJ တရားရုံးတွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားလှယ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် အလှည့်ကျကိုယ်စားလှယ်အဖြစ် ဥပဒေရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့ တက်ရောက်ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တရားရုံး ပထမနေ့ တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှု၌ မြန်မာကိုယ်စား လှယ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ အဖွင့်မိန့်ခွန်းတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ရှေ့နေကြီးများအနေဖြင့် တရားရုံး၏ရှေ့မှောက်မှာ တရားစီရင်ပိုင်ခွင့်မရှိကြောင်း၊ ဆိုင်ရာဥပဒေများဖြင့် တိကျစွာဆန်းစစ်ကိုးကား၍ တင်ပြလျှောက်လဲနိုင်ခဲ့သော ဥပဒေကြောင်း ဆိုင်ရာကိစ္စရပ်များမှာ ကျေနပ်အားရဖွယ် တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

တရားရုံး၏ ဒုတိယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ နိဂုံး ချုပ်မိန့်ခွန်း ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့၊ မြန်မာကိုယ်စားပြု ရှေ့နေ ကြီးများ၏ လျှောက်လဲချက်များပါ ဂမ်ဘီယာနိုင်ငံက တင်သွင်းခဲ့သည့်အပေါ် တရားရုံးက စီရင်ပိုင်ခွင့် မရှိကြောင်းနှင့်၊ သို့မဟုတ် ဂမ်ဘီယာနိုင်ငံသည် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ကြေညာပေးရန် အပြည်ပြည် ဆိုင်ရာ တရားရုံးသို့ လျှောက်ထားချက်အား မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့အနေဖြင့် ကြိုဆိုထောက်ခံ ကြောင်း ထုတ်ပြန်ထားသည်။

ဤအမှုကိစ္စနှင့်ပတ်သက်၍ တရားမျှတမှုအတွက် မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဥပ ဒေနှင့်အညီ ကြိုးပမ်းကာကွယ်လျက်ရှိသော ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးစီးသည့် မြန်မာကိုယ်စား လှယ်အဖွဲ့၊ မြန်မာနိုင်ငံကိုယ်စားပြုရှေ့နေကြီးများကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့သည် ယင်းတို့နှင့် တစ်သားတည်း ရပ်တည်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

#စစ်မှုထမ်းဟောင်း #ဂမ်ဘီယာ #ICJ #PMNews


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။