Trending Now

၂၀၂၂ ခုနှစ် အပြင်းထန်ဆုံးမုန်တိုင်းသည် ဂျပန်နိုင်ငံ အိုကီနာဝါရှိအိမ်များအား ဖျက်ဆီးနိုင်သည့် အားဖြင့်တိုက်ခတ်နေ

Spread the love

၂၀၂၂ ခုနှစ် အပြင်းထန်ဆုံးမုန်တိုင်းသည် ဂျပန်နိုင်ငံ အိုကီနာဝါရှိအိမ်များအား ဖျက်ဆီးနိုင်သည့် အားဖြင့်တိုက်ခတ်နေ

EPN
နိုင်ငံတကာ၊ သြဂုတ် ၃၁

လက်ရှိတိုက်ခတ်နေသည့် တိုင်ဖွန်းမုန်တိုင်း ဟီနမ်နောသည် အိုကီနာဝါကျွန်းကို ဖျက်ဆီးနိုင်လောက်သည့်အားဖြင့် ယနေ့ ဝင်ရောက်တိုက်ခတ်နိုင်ကြောင်း ဂျပန်မိုးလေဝသဆိုင်ရာက သတိပေးထားသည်။

ဂျပန်မိုးလေဝသအေဂျင်စီ၏ အဆိုအရ အင်အားအလွန်ပြင်းထန်သည့် တိုင်ဖွန်းသည် အင်္ဂါနေ့မနက် ၉ နာရီအချိန်တွင် တစ်နာရီ ၃၅ ကီလိုမီတာနှုန်းဖြင့် ဂျပန်တောင်ဘက်ပိုင်းရှိ ပင်လယ်ထဲကနေ အနောက်ဘက်ကို ဦးတည်ရွေ့လျားနေသည်ဟု ဆိုသည်။

အဆိုပါ ဒေသတွင်းရှိ ပြည်သူများအနေဖြင့် ခိုင်ခံ့သော အဆောက်အအုံများအတွင်း၌ နေထိုင်ရန်နှင့် အပြင်မထွက်ရန် အဏာပိုင်များက အကြံပြုထားသည်။

တိုင်ဖွန်းမုန်တိုင်း ဟီနမ်နောသည် ၂၀၂၂ ခုနှစ်အတွက် အပြင်းထန်ဆုံးမုန်တိုင်းတစ်ခုဖြစ်ပြီး မုန်တိုင်းဗဟိုချက် လေဖိအားသည် ၉၅၀ ဟက်တိုပတ်စကဲလ် ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ ၁၆၂ ကီလိုမီတာ ရှိသည်။

တိုင်ဖွန်းသည် ဆက်လက်အားကောင်းလာနိုင်ပြီး ယနေ့ တွင် အိုကီနာဝါခရိုင် နှင့် ကာဂိုရှိမာ့ခရိုင်ရှိ အာမာမိ ဒေသကို ချဉ်းကပ်လာအမည်ဟု ခန့်မှန်းထားပြီး ရုတ်တရက်လေပြင်းတိုက်ခတ်မှုများကြောင့် အိုကီနာဝါခရိုင်ရှိ နေအိမ်များ ပြိုလဲကျသွားစေနိုင်လောက်တဲ့အထိ အားပြင်းနိုင်သည်။

ပင်လယ်ပြင်တွင်လည်း လှိုင်းအလွန်တရာကြီးနိုင်ပြီး အိုကီနာဝါဒေသတွင် အမြင့် ၉ မီတာကျော်၊ အာမာမိဒေသမှာ အမြင့် ၆ မီတာကျော် ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။

အိုကီနာဝါပင်မကျွန်းတွင် ယနေ့နံနက်ပိုင်းက စတင်ပြီး လေပြင်းတိုက်ခတ်ဖွယ်ရာ ရှိနေသည့်အတွက် လေပြင်းတိုက်ခတ်မှု၊ လှိုင်းကြီးမှု၊ မြေပြိုမှု၊ မြေနိမ့်အရပ်တွေမှာ ရေကြီးမှု၊ မြစ်ရေလျှံမှုများ နှင့် ပတ်သက်ပြီး အဏာပိုင်များက အထူးသတိပေးထားသည်။

Source – NHK
video – sususan

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။