Trending Now

အင်းတော်ကြီးမြို့တွင် အမျိုးသမီးတစ်ဦးထံမှ ကျပ်ငွေ သိန်းတစ်ရာကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

အင်းတော်ကြီးမြို့တွင် အမျိုးသမီးတစ်ဦးထံမှ ကျပ်ငွေ သိန်းတစ်ရာကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊နို၀င်ဘာ ၁၈

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးမြို့တွင် အမျိုးသမီးတစ်ဦးထံမှ ကျပ်ငွေ သိန်းတစ်ရာကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်တစ်ခု နိုဝင်ဘာ ၁၅ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း လုံးတုံနယ်မြေရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးမြို့၊ လုံးတုံပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် မူးယစ်သတင်းအရ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မမေဇင်မိုး မောင်းနှင်လာသည့် Hilux Surf အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ခရီးဆောင်အိတ်အတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂၁၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၄ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆၄၈၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၉.၆ သိန်း)တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့‌ခြင်းဖြစ်သည်။

အဆိုပါမူးယစ်ဆေးဝါးနှင့်ပက်သက်ပြီး မမေဇင်မိုး(၃၀)နှစ်အား လုံးတုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။