Trending Now

COVID-19 သံသယ လူနာတွေ့ရှိပါက စောင့်ကြပ် ကုသနိုင်ရန် အားကစားနှင့်ကာယ ပညာသိပ္ပံကျောင်းတွင် ကြိုတင်ပြင်ဆင်ထားဟု ဆို

Spread the love

COVID-19 သံသယ လူနာတွေ့ရှိပါက စောင့်ကြပ် ကုသနိုင်ရန် အားကစားနှင့်ကာယ ပညာသိပ္ပံကျောင်း တွင် ကြိုတင်ပြင်ဆင်ထားဟု ဆို
 

EPN
ကလေး၊မတ် ၂၇

ချင်းပြည်နယ် ဟားခါးမြို့တွင် လတ်တလောဖြစ်ပေါ်လျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease -2019 (COVID-19) ကာကွယ်ထိန်းချုပ်၊ကုသနိုင်ရေး သံသယ လူနာတွေ့ရှိပါက အချိန်နှင့်တပြေးညီ စောင့်ကြပ် ကုသနိုင်ရေးအတွက် အားကစားနှင့်ကာယ ပညာသိပ္ပံကျောင်း(ဟားခါး) တို့တွင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးရွှေထီးအိုကပြောသည်။

အဆိုပါနေရာကို မတ် ၂၆ ရက်နေ့ ညနေ ၆ နာရီ အချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအို၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

“အဆောင်ကလဲအသစ်ဖြစ်တယ်။ နေရာကလဲကောင်းတယ်။ ရေမီးတွေလဲအပြည့်စုံပါတယ်။ လူထုနဲ့လဲအလှမ်းပိုဝေးတယ်။ အားကစားနှင့်ကာယ ပညာသိပ္ပံကျောင်း(ဟားခါး)မှာ လတ်တလော ဖြစ်ပေါ်လျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease -2019 (COVID-19) ကာကွယ်ထိန်းချုပ်၊ကုသနိုင်ရေး သံသယ လူနာတွေ့ရှိပါက အချိန်နှင့်တပြေးညီ စောင့်ကြပ် ကုသနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ထားတာပါ”ဟုဦးရွှေထီးအိုကပြောသည်။

အားကစားနှင့်ကာယ ပညာသိပ္ပံကျောင်း(ဟားခါး)တို့တွင် (COVID-19) ကာကွယ်ထိန်းချုပ်၊ကုသနိုင်ရေး သံသယစောင့်ကြည့်လူနာထားရှိပါက လူနာ ၂၄ ဦးဆံ့ကြောင်း သိရသည်။

အဆိုပါကျောင်းတွင် သင်တန်းခန်းမများနှင့် သင်တန်းသားနားနေဆောင်နေရာတို့တွင် သီးသန့်ထားရှိနိုင်ရေး နှင့် Facility Quarantine အိပ်ခန်း၊နားနေခန်း၊ ထမင်းစားခန်းနှင့် ရေချိုးခန်း၊ရေအိမ်သာများ သီးသန့်ထားရှိ နိုင်ရေးတို့ကို ဆောင်ရွက်မည်ဖြစ်သည်။

အားကစားနှင့်ကာယ ပညာသိပ္ပံကျောင်း(ဟားခါး)သည် ဟားခါးမြို့ဟောင်းရပ်ကွက်တွင်တည်ရှိပြီး မြို့နှင့်  ၂ မိုင်အကွာတွင် တည်ရှိသည်။

ထို့အပြင် လတ်တလောဖြစ်ပေါ်လျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease -2019 (COVID-19) ကာကွယ်ထိန်းချုပ်၊ကုသနိုင်ရေး သံသယ လူနာတွေ့ရှိပါက အချိန်နှင့်တပြေးညီ စောင့်ကြပ် ကုသနိုင်ရေးအတွက် ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်မှုများ ထားရှိကြောင်း သိရသည်။

သူရိယထက်
ဓာတ်ပုံ – ဟားခါးပြန်ဆက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။