Trending Now

ဘထ္ထရီအသုံးပြုပြီး သွားလာနိုင်တဲ့ ဒိုင်နိုဆောစက်ရုပ်ကို မြန်မာတစ်ဦးက အောင်မြင်စွာပြုလုပ်

Spread the love

ဘထ္ထရီအသုံးပြုပြီး သွားလာနိုင်တဲ့ ဒိုင်နိုဆောစက်ရုပ်ကို မြန်မာတစ်ဦးက အောင်မြင်စွာပြုလုပ်

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၁၂

ဘထ္ထရီအသုံးပြုပြီး နှစ်နာရီကြာ သွားလာနိုင်တဲ့ ဒိုင်နိုဆောစက်ရုပ်တစ်ရုပ်ကို ပြင်ဦးလွင်က ကိုအောင်ကျော်လှိုင်ဆိုသူက ၂ လအတွင်းမှာ အောင်မြင်စွာပြုလုပ် ခဲ့ပါသည်။

“ဒီနေ့တော့ ပြီးသွားပါပြီ ခင်မျာ နည်းပညာ ရှာဖွေပြီးအဆင့်ဆင့် စမ်းသပ်မှုတွေနဲ့ ပြုလုပ်ရမည့် ပစ္စည်း မပြည့်စုံတာတွေကြောင့် ကြာသင့်တဲ့ အချိန်ထက် ပိုကြာသွားပါတယ် ဒီထက် အဆင့်မြင့်ပြီး အရည်သွေးကောင်းတဲ့ စက်ရုပ်လေးတွေ လုပ်ချင်ပါသေးတယ် အပ်မည့်သူရှိရင်ပေါ့” လို့ ကိုအောင်ကျော်လှိုင်က လူမှုကွန်ရက် စာမျက်နာမှာ ပြောဆိုထားသည်။

အဆိုပါစက်ရုပ်ပြုလုပ်ရာတွင် ပစ္စည်းဖိုး ငွေကျပ် ၁၅ သိန်းခန့်ကုန်ကျခဲ့ပြီး ဘက်ထရီကို အသုံးပြုကာ နှစ်နာရီအထိ စီးနင်းနိုင်ကြောင်းနှင့် အဆိုပါအရုပ်ကို ပြင်ဦးလွင်ရှိ ဒိုင်နိုဆောဥယျာဉ်တွင် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

စက်ရုပ်မှာ မျိုးတုန်းပျောက်ကွယ်သွားသည့် ထရီကာတော့ ဒိုင်နိုဆော ပုံစံအတိုင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝလုံး
Photo – Ko Aung Kyaw

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။