Trending Now

ရေစကြိုမြို့နယ်မှာ ကျောင်းထိုင်ဘုန်းကြီး ၁ ပါး အပါအဝင် လူ ၃ ဦး သတ်ခံရပြီး ပစ္စည်းတွေ လုယက်ခံရ

Spread the love

ရေစကြိုမြို့နယ်မှာ ကျောင်းထိုင်ဘုန်းကြီး ၁ ပါး အပါအဝင် လူ ၃ ဦး သတ်ခံရပြီး ပစ္စည်းတွေ လုယက်ခံရ

EPN

ရေစကြို ၊ မေ ၂၈

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ဇယမကျေးရွာမှာ မေ ၂၇ ရက် ၊ မနေ့က ညနေပိုင် ၂ လောင်းပြိုင် လူသတ်မှု အပါအဝင် လူသတ် ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ပစ္စည်းတွေ လုယူခံရတယ်လို့ ရေစကြိုမြို့ခံတွေဆီက သိရပါတယ်။

” ဇယမရွာက သာဿနာ့ ဇောိတက ဘုန်းကြီးကျောင်းက ဆရာတော် အသတ်ခံရတယ် ၊ နောက်ပြီး ရွာထဲက လင်မယား ၂ ယောက် အသတ်ခံရတာ ” လို့ ဇယမရွာခံ တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ လူသတ်မှု ဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး ပခုက္ကခရိုင် ရဲတပ်ဖွဲ့ ၊ တာဝန်ရှိသူတစ်ဦး ပြောတာက ” ဇယမရွာမှာ လူသတ်မှု ၂ ကြိမ်ဖြစ်တယ် ၊ ပထမဖြစ်စဥ်က သက်တော် ၆၁ နှစ်အရွယ် ၊ ဝါတော် ၄၀ ရ ၊ ဆရာတော် ဥူးသောမာလောက ပစ်သတ်ခံရတယ် ၊ ဒုတိယဖြစ်စဥ်က ဇယမရွာခံ ဦးဇော်ဝေနဲ့ သူ့မိန်းမ ဒေါ်နွယ် ၂ လောင်းပြိုင်သတ်ခံရတာ ” လို့ ဖြစ်ပါတယ်။

ဒါ့အပြင် သေဆုံးသူ ရုပ်အလောင်းတွေကို ရေစကြို ပြည်သူ့ဆေးရုံကိုပို့ဆောင် စစ်ဆေးပြီး မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

” ဆရာတော် ဥူးသောမာလောက အသတ်ခံရပြီး သာဿနိက ပိုက်ဆံ ၂၀ နဲ့ ကျောင်းပိုင် ကား ၁ စီးကို လူသတ်သမားတွေက လုယူသွားတယ် ” လို့ အမည်မဖော်လိုတဲ့ ဇယမရွာခံ တစ်ယောက်က ပြောပါသေးတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက ပခုက္ကူခရိုင်ထဲမှာ ဓားပြတိုက် လုယက် မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ဒီလအတွင်း ပခုက္ကူမြို့နယ်မှာ ၅ ကြိမ် ၊ မြိုင်နယ်မှာ ၃ ကြိမ် ၊ ရေစကြိုနယ်မှာ ၃ ကြိမ် ၊ ပေါက္နယ်မှာ ၂ ကြိမ်နဲ့ ဆိပ်ဖြူနယ်မှာ အခု ၁ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မှုခင်းမဇတ်တမ်းတွေအရ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။