Trending Now

မိုးလုံေလလုံ အားကစားခန္းမသစ္ ပႏၷက္ရိုက္မဂၤလာ က်င္းပျပဳလုပ္

Spread the love

[youtube=https://www.youtube.com/watch?v=POBrzmJuksE&w=320&h=266]
မိုးလုံေလလုံ အားကစားခန္းမသစ္ ပႏၷက္ရိုက္မဂၤလာ က်င္းပျပဳလုပ္
EPN TV News
မိုးေကာင္း၊ ဧၿပီ ၁၀
 
ကခ်င္ျပည္နယ္မိုးေကာင္းၿမိဳ႕နယ္အားကစားကြင္းအတြင္း တည္ေဆာက္ထာတဲ့ မိုးလုံေလလုံအားကစားခန္းမသစ္ပႏၷက္ရိုက္မဂၤလာ အခမ္းအနားကို ဧၿပီလ၁၀ရက္​​ေန႔မနက္ နာရီအခ်ိန္ကက်င္းပျပဳလုပ္ခဲ့ၿပီး မဂၤလာအခ်ိန္၌ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းႏိုင္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေဒါက္တာခင္မႀကီး၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးရန္ႏိုင္ထြန္းႏွင့္ ဌာနဆိုင္ရာအႀကီးအကဲမ်ားကအားကစားခန္းမသစ္အတြက္ပႏၷက္ရိုက္ခဲ့တယ္လို႔ သိရပါတယ္
 
၂၀၁၈၁၉ဘ႑ာႏွစ္ ျပည္နယ္ဘတ္ဂ်က္ျဖင့္အားကစားကြင္းသံဇကာကာရံျခင္းကို(၃၂.၄၀)က်ပ္သန္းျဖင့္ မေနာပီတိကုမၸဏီကလည္းေကာင္း၊ မီတာ(၄၀၀)ေျပးလမ္းကို(၈၄.၄၀၀)က်ပ္သန္းျဖင့္ ေဇာ္ေမာ္ကုမၸဏီကလည္းေကာင္း၊ ကပြဲၾကည့္စင္တည္ေဆာက္ျခင္းကို(၉၀)က်ပ္သန္းETLကုမၸဏီကလည္းေကာင္း တစ္ဆက္တည္း တည္ေဆာက္သြားမယ္လို႕လဲ သိရပါတယ္။
 
အဆိုပါ ေဘာလံုးကြင္းျပဳျပင္ျခင္း ေျမာင္းေဖါက္ျခင္း ဂိုးစကိုလ္းဘုတ္ ႏွင့္ အရံထိုင္ခံုတည္ေဆာက္ျခင္းကို၂၀၁၇ခုႏွစ္က ျပည္နယ္ဘတ္ဂ်က္(၂၈၀)က်ပ္သန္းျဖင့္ ဇြဲျပည့္မာန္ကုမၸဏီကတည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္
ခ်ိဳေမာင္
—————————————————–
မိုးလုံလေလုံ အားကစားခန်းမသစ် ပန္နက်ရိုက်မင်္ဂလာ ကျင်းပပြုလုပ်
 
EPN TV News

မိုးကောင်း၊ ဧပြီ ၁၀

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အားကစားကွင်းအတွင်း တည်ဆောက်ထာတဲ့ မိုးလုံလေလုံအားကစားခန်းမသစ်ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားကို ဧပြီ လ၁၀ ရက်နေ့မနက် ၉ နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ပြီး မင်္ဂလာအချိန်၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်မကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများကအားကစားခန်းမသစ်အတွက် ပန္နက်ရိုက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၈-၁၉ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက်ဖြင့် အားကစားကွင်း သံဇကာကာရံခြင်းကို(၃၂.၄၀)ကျပ်သန်းဖြင့် မနောပီတိကုမ္ပဏီကလည်းကောင်း၊ မီတာ(၄၀၀)ပြေးလမ်းကို(၈၄.၄၀၀)ကျပ်သန်းဖြင့် ဇော်မော်ကုမ္ပဏီကလည်းကောင်း၊ ကပွဲကြည့်စင်တည်ဆောက်ခြင်းကို(၉၀)ကျပ်သန်းETLကုမ္ပဏီကလည်းကောင်း တစ်ဆက်တည်း တည်ဆောက်သွားမယ်လို့လဲ သိရပါတယ်။

အဆိုပါ ဘောလုံးကွင်းပြုပြင်ခြင်း မြောင်းဖေါက်ခြင်း ဂိုးစကိုလ်းဘုတ် နှင့် အရံထိုင်ခုံတည်ဆောက်ခြင်းကို ၂၀၁၇-ခုနှစ်က ပြည်နယ်ဘတ်ဂျက်(၂၈၀)ကျပ်သန်းဖြင့် ဇွဲပြည့်မာန်ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။