Trending Now

နန်ဆန်ယန်ကျေးရွာသို့ ပြန်လည်အခြေချနေထိုင်မည့် တိုက်ပွဲရှောင်အိမ်ထောင်စုများအား ကချင်ပြည်နယ် ဝန်ကြီးချုပ်မှ ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့

Spread the love

နန်ဆန်ယန်ကျေးရွာသို့ ပြန်လည်အခြေချနေထိုင်မည့် တိုက်ပွဲရှောင်အိမ်ထောင်စုများအား ကချင်ပြည်နယ် ဝန်ကြီးချုပ်မှ ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့

EPN

မြစ်ကြီးနား၊ မတ် ၂၉

ကချင်ပြည်နယ်၊ ဝိုင်းမော်မြိုနယ်၊ နန်ဆန်ယန်ကျေးရွာသို ပြန်လည်အခြေချနေထိုင်မည့် နေရပ်ပြန် (IDPs) အိမ်ထောင်စု (၇၃)စု အား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများနှင့် အိမ်မိုးသွပ်များကို ယမန်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါးဆင်ဝါးနော် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

နေရပ်သို့ ပြန်လည်နေထိုင်ကြမည့် (IDPs) အိမ်ထောင်စု (၇၃)စုမှ လူဦးရေ (၃၅၄) ဦးတိုအတွက် ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးများက စုစုပေါင်း ငွေကျပ်သိန်း ၁၁၇၆၇၀၀၀ တန်ဖိုးရှိ မိသားစုသုံးပစ္စည်းများပါဝင်သည့် ကယ်ဆယ်ရေးပစ္စည်း (၇၃)ပုံး နှင့် အိမ်မိုးသွပ် (၁၅၀၀) တို့ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကချင်ပြည်နယ်ဝန်ကြီးချုပ်က တိုက်ပွဲရှောင်မိသားစုများ ရေရှည်ရပ်တည်နိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးက ဝိုင်းဝန်ကူညီဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။