Trending Now

တောင်ကြီးမြို့နယ်တွင် အမျိုးသားတစ်ဦး၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

 

တောင်ကြီးမြို့နယ်တွင် အမျိုးသားတစ်ဦး၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မတ် ၁၃ (၂၀၂၃)

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် အမျိုးသားတစ်ဦး၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများကို မတ်လ ၁၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ် ဆေးဝါးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက်၊ ဧရာ၀တီလမ်းနေ ကြည်စိုး (ခ)ပေါက်ခေါ ၏နေအိမ်အား မူးယစ်သတင်းအရ ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်ခြံ၀င်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၂၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁၆ သိန်း)နှင့် မြန်မာငွေကျပ် ၂၃ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ကြည်စိုး (ခ)ပေါက်ခေါ (၅၈)နှစ်အား ရွှေညောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။