Trending Now

တက္ကသိုလ်အဝေးသင် ကျောင်းသား/သူများ ကျောင်အပ်လက်ခံမည့်ရက် ထုတ်ပြန်ကြေညာ

Spread the love

တက္ကသိုလ်အဝေးသင် ကျောင်းသား/သူများ ကျောင်အပ်လက်ခံမည့်ရက် ထုတ်ပြန်ကြေညာ

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁

တက္ကသိုလ် ပထမနှစ် အဝေးသင်သင်တန်းများ မှတ်ပုံတင်ခြင်းကို ဒီဇင်ဘာ ၂၆ ရက်မှ စတင်လက်ခံမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

၂၀၂၂ ခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့် အောင်မြင်ခဲ့သည့် ကျောင်းသား/သူများကို ဒီဇင်ဘာ ၂၆ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ သက်ဆိုင်ရာ တက္ကသိုလ်များတွင် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် မတိုင်မီ တက္ကသိုလ်ဝင်ခွင့် အောင်မြင်ခဲ့သည့် ကျောင်းသား/သူများ ကို ဒီဇင်ဘာ ၂၆ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စနေ၊တနင်္ဂနွေ နေ့များတွင်ပါ သက်ဆိုင်ရာ တက္ကသိုလ်များတွင် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယနှစ်နှင့်အထက် အဝေးသင် သင်တန်းများတက်ရောက်မည့် ကျောင်းသား/သူ များကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စနေ၊တနင်္ဂနွေနေ့များတွင်ပါ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။