Trending Now

ဗိုလ်တထောင်စေတီ၌ မသိုးသင်္ကန်း ရက်ခတ် ဆက်ကပ် ပူဇော်ပွဲ ကျင်းပပြုလုပ်မည်

Spread the love

ဗိုလ်တထောင်စေတီ၌ မသိုးသင်္ကန်း ရက်ခတ် ဆက်ကပ် ပူဇော်ပွဲ ကျင်းပပြုလုပ်မည်

EPN
ရန်ကုန်၊ နိုဝင်ဘာ ၈ (၂၀၂၃)

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်လထောင်မြို့နယ်ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော် မြတ်ကြီးတွင် တန်ဆောင်မုန်းလဆန်း ၁၄ ရက် အဖိတ်နေ့ မှ လပြည့်နေ့ အထိ မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ် ပူဇော်ပွဲအား ကျင်းပသွားမည် ဖြစ်ကြောင်း ကျိုက်ဒေးအပ် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါ မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ် ဆက်ကပ် ပူဇော်ပွဲအား ၃၉ ကြိမ်မြောက်အဖြစ် နိုဝင်ဘာလ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင် ရက်လုပ် ဆက်ကပ် ပူဇော်ပွဲကို ပါဝင်ယှဉ်ပြိုင်လိုသူများ အနေဖြင့် အသက် ၁၈ နှစ်မှ ၅၀ နှစ်အတွင်းရှိ ရက်ကန်း ကျွမ်းကျင်သူ အမျိုးသမီးများပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ဂေါပကဖွဲ့တာဝန်ရှိသူ တစ်ဦးကပြောသည်။

”အဖွဲ့ တစ်ဖွဲ့ကို လူနှစ်ဦးနှုန်းနဲ့ ယှဉ်ပြိုင်ရမှာ ရက်ကန်းကျွမ်း တဲ့ ဘယ်သူမဆို လာပြိုင်နိုင်တယ်။ ယှဉ်ပြိုင်ဖို့ အဖွဲ့လိုက် လျှောက်လွှာတင် ရမှာပါ။” ဟု ၎င်းက ဆိုသည်။

အဆိုပါ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်လိုသူများသည် ၂၀၂၃ခုနှစ် ၊ နိုဝင်ဘာလ ၁၆ ရက် ကြာသပတေးနေ့ ညနေ ၃ နာရီမတိုင်မီ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အဖွဲ့လိုက် လျှောက်လွှာစာရင်း တင်သွင်းနိုင်ကြောင်း သိရသည်။

ဆုကြေးအနေဖြင့် ပထမဆုကျပ် ၁၅ သိန်း၊ ဒုတိယဆု ကျပ် ၁၀ သိန်း၊ တတိယဆုကျပ် ၈ သိန်း၊ နှစ်သိမ့် ဆုအဖြစ် ကျပ် ၄ သိန်းနှင့် ဆုတံဆိပ်များ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။