Trending Now

ခင်ဦးမြို့နယ် ကုလားလူးကျေးရွာနားမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ အကြမ်းဖက်သမားတွေ တိုက်ပွဲဖြစ်

Spread the love

ခင်ဦးမြို့နယ် ကုလားလူးကျေးရွာနားမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ အကြမ်းဖက်သမားတွေ တိုက်ပွဲဖြစ်

EPN
ခင်ဦး ၊ ဧပြီ ၁

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ ကုလားလူးကျေးရွာနားမှာ မတ် ၃၁ ရက် ၊ မနေ့က ညနေပိုင်းအချိန်မှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ အကြမ်းဖက်သမားတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ခင်ဦးနယ်ခံ ပြည်သူတွေဆီက သိရပါတယ်။

” စစ်ကြောင်းက ရွာထဲရောက်နေတဲ့အချိန်မှာ ၊ ရွာအပြင်ကနေ အကြမ်းဖက်သမားတွေက ရွာထဲကို လက်လုပ်စိန်ပြောင်းတွေနဲ့ စတင်ပစ်ခတ်ခဲ့တာပါ ၊ အဲ့ဒီ အချိန်မှာ ရွာထဲက စစ်ကြောင်းက ရွာအပြင်ထွက်ပြီး လိုက်ပစ်ရာကနေ တိုက်ပဲွဲဖြစ်တာ ” လို့ ကုလားလူးရွာခံ တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ထိတွေ့တိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့ဆီ ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ တာဝန်ရှိသူတစ်ဦး ဖြေကြားပြောတာက
” မနေ့က ညနေ ၄ နာရီခွဲခန့်မှာ ခင်ဦးမြို့နယ်၊ ကုလားလူးကျေးရွာမှာ နယ်မြေလုံခြုံရေးအဖွဲက ခေတ္တစခန်းချရပ်နား စဉ် PDFအကြမ်းဖက်သောင်းကျန်းသူများက လက်လုပ်စိန်ပြောင်း၊ လက်လုပ်သေနတ်များဖြင့် လာရောက်ပစ်ခတ်တယ် ၊ လုံခြုံ ရေးအဖွဲ့များက ပြန်လည်ပစ်ခတ်တိုက်ခိုက်တဲ့အခါ အကြမ်းဖက်သမားတွေထိခိုက္မှုများဖြင့်ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ် ၊ အကြမ်းဖက်သောင်းကျန်းသူတွေဆီကအကြမ်းဖက်သမား ၃ လောင်း၊ လက်လုပ်သေနတ် ၁၀ လက်၊ ဒရုန်း ၁ စီး၊ လက်လုပ်ရှော့တိုက်သေနတ် ၆ လက်၊ လက်လုပ်မိုင်းမျိုးစုံ ၁၁ လုံး၊ ကျည်ဆံများ၊ လက်လုပ်လက်ပစ်ဗုံးများ၊ ပျောက်ကျားယူနီဖောင်းများ၊ အိုက်ကွန်စကားပြောစက် သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်သူများပစ်ခတ်မှုကြောင့် ကျေးရွာပြည်သူ့နေအိမ်အချို့မီးလောင်ဆုံးရှုံးခဲ့တယ် ” လို့ ဖြစ်ပါတယ်။

အဲ့ဒီ ထိတွေ့တိုက်ပွဲမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်း အဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရတာ ၊ သေဆုံးတာ မရှိဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဲ့ဒီ ကုလားလူးကျေးရွာနားမှာ အလားတူ ထိတွေ့တိုက်ပွဲငယ်တွေ ဖြစ်ခဲ့ပြီး အကြမ်းဖက်သမားတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ဖြစ်ခဲ့ပါသေးတယ် ။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။