Trending Now

ထောင်ဒဏ်ကျခံနေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြန်လည်လွတ်မြောက်လာ

Spread the love

ထောင်ဒဏ်ကျခံနေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြန်လည်လွတ်မြောက်လာ

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၉

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ အကျင့်ပျက်ခြစားမှုနဲ့ ဆက်နွှယ်တဲ့ ပြစ်မှုတွေကြောင့် ရဲဆေးရုံမှာ ခြောက်လကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တနင်္ဂနွေနေ့ အစောပိုင်းမှာ ရဲဆေးရုံကနေ ဘန်ကောက်မြို့ကို ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။

၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအတွင်းမှာ ရားထူးကနေ ဖြုတ်ချခံခဲ့ရတဲ့ ဘီလီယံနာသူဌေးကြီးဟာ ပြီးခဲ့တဲ့သြဂုတ်လက အကျင့်ပျက်ချစားမှု၊ အာဏာအလွဲသုံးစားပြုလုပ်မှု စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ဘုရင် မဟာဝိဇရလောင်ကွန်က ရက်ပိုင်းအတွင်းမှာပဲ ထောင်ဒဏ် ၈ နှစ်ကနေ ၁ နှစ်သာကျခံဖို့ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေကြောင့် စောစီးစွာလွတ်မြောက်ဖို့ အရည်အချင်းပြည့်မီတယ်လို့ အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပြောကြားခဲ့ပါတယ်။

ပြည်တော်ပြန်ရောက်ရောက်ချင်းမှာပဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ သက်ဆင်ဟာ အကျဉ်းချခံထားရတဲ့ ခြောက်လတာကာလအတွင်း ကျန်းမာရေးအခြေအနေကြောင့် ရဲဆေးရုံမှာသာနေထိုင်ခဲ့ရပြီး ထောင်ထဲမှာတစ်ညတာမျှ မနေခဲ့ရပါဘူး။

သူလွတ်မြောက်လာမှုရဲ့ အသေးစိတ်အချက်အလက်တွေကို ရှင်းရှင်းလင်းလင်းမသိရပေမယ့် ခရီးသွားလာခွင့်ကို ကန့်သတ်မှုတွေနဲ့ စောင့်ကြည့်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

Ref; AFP


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။