Trending Now

မုိးေကာင္းတြင္ မကူးစက္နိုင္ေသာ ေရာဂါမ်ားအေၾကာင္းရွင္းလင္းေဆြးေႏြး

Spread the love

မုိးေကာင္းတြင္ မကူးစက္နိုင္ေသာ ေရာဂါမ်ားအေၾကာင္းရွင္းလင္းေဆြးေႏြး

EPN
မိုးေကာင္း၊ ဧၿပီ ၂၉

ကခ်င္ျပည္နယ္မိုးေကာင္းၿမိဳ႕ ၿမိဳ႕နယ္ျပည္သူ႔ေဆးရံုအစည္းအေဝးခန္းမတြင္ဧၿပီ ၂၉ ရက္ နံနက္(၁၀)နာရီအခ်ိန္က ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမွ ႀကီးမွဴး၍ မကူးစက္နိုင္ေသာ ေရာဂါမ်ား ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းဆိုင္ရာ အသိေပးရွင္းလင္းတင္ျပျခင္း Package of Essential Non-communicable Disco Interventions (PEN)ကို က်င္းပျပဳလုပ္ခဲ့သည္။

မိုးေကာင္းၿမိဳ႕နယ္ ျပည္သူလူထုအတြင္းတြင္ မကူးစက္နိုင္ေသာေရာဂါမ်ား၏ ျဖစ္ပြားေသဆုံးမႈအႏၲရာယ္ ႀကီးမားမႈကိုပိုမိုသိရွိၿပီးသတိမူလာမိေစရန္ မကူးစက္နိုင္ေသာေရာဂါမ်ားကို ကာကြယ္ ထိန္းခ်ဳပ္ေသာ လုပ္ငန္းမ်ားကို က်န္းမာေရးဌာနမွအေကာင္အထည္ေဖာ္ရာတြင္ ျပည္နယ္/တိုင္းေဒသႀကီးတြင္ရွိေသာ တာဝန္ရွိသူမ်ားႏွင့္ျပည္သူမ်ားမွ လိုအပ္ေသာကူညီပံ့ပိုးမႈမ်ားေပးနိုင္ရန္ႏွင့္ အ႐ြယ္မတိုင္မီေသဆုံးမႈမ်ား ေလ်ာ့နည္းက်ဆင္းလာေစရန္ ရည္ရြယ္၍ က်င္းပေၾကာင္းသိရသည္။


“က်န္းမာေရးႏွင့္ မညီၫြတ္ေသာအစားအေသာက္မ်ား စားသုံးျခင္း၊ကိုယ္ကာယလႈပ္ရွားမႈ နည္းပါးျခင္း၊ေဆးလိပ္ႏွင့္ေဆး႐ြက္ႀကီး သုံးစြဲျခင္းႏွင့္ အရက္အလြန္အကြၽံေသာက္သုံးျခင္းတို႔ေၾကာင့္
လူမ်ားတြင္ ေသြးခ်ိဳျခင္း၊ ေသြးတြင္းအဆီဓါတ္မ်ားျခင္း ေသြးတိုးျခင္းႏွင့္ အဝလြန္ကဲျခင္းမ်ား ျဖစ္လာၿပီး ေနာက္ဆုံးတြင္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ ကင္ဆာေရာဂါ၊ ဆီးခ်ိဳေသြးခ်ိဳ ေရာဂါႏွင့္ နာတာရွည္အဆုတ္ေရာဂါမ်ား ျဖစ္ေပၚၿပီး အ႐ြယ္မတိုင္မီေသဆုံးမႈေတြျဖစ္ေပၚေနပါတယ္”ဟု ၿမိဳ႕နယ္က်န္းမာေရးဦးစီးမွဴးေဆးရံုအုပ္ႀကီး ေဒါက္တာေကာင္းျမတ္စံကေျပာသည္။

ဆက္လက္၍ တက္ေရာက္လာသူမ်ားမွသိလိုသည္မ်ားကိုေမးျမန္းၾကၿပီး နမူနာအျဖစ္ယေန႔တက္ေရာက္လာသူမ်ားအား ၿမိဳ႕နယ္ျပည္သူ႔ေဆးရံုဝန္ထမ္းမ်ားမွ အရပ္တိုင္းျခင္း ကိုယ္အေလးခ်ိန္ခ်ိန္ေပးျခင္း ေသြးေပါင္ခ်ိန္ျခင္း ဆီးခ်ိဳေသြးခ်ိဳ ရွိမရွိစမ္းသပ္ေပးကာ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားေပးၿပီး ၎တို႔ျပဳလုပ္မည့္လုပ္ငန္းစဥ္ကိုခ်ျပခဲ့သည္။

ယေန႔ ေတြ႕ဆံုပြဲသို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴ း ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴ းမ်ား ပညာေရးမွဴး သေႏၲမီးသတ္ ဒုဦးစီးမွဴ း ၾကက္ေျခနီတပ္ဖြဲ႕ ဝင္မ်ား အမ်ိဳးသမီးေရးရာအဖြဲ႕မ်ား မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးဝန္ထမ္းမ်ား က်န္းမာေရးဝန္ထမ္းမ်ား ဖိတ္ၾကားထားသူမ်ား အင္အား (၁၁၀)ဦးေက်ာ္တက္ေရာက္ေၾကာင္းသိရသည္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး၏ ၂၀၁၈ခုႏွစ္၊ ဇြန္လက ထုတ္ျပန္တဲ့ စာရင္းဇယားအရ ကမာၻေပၚမွာမကူးစက္နိုင္ေသာေရာဂါေတြေၾကာင့္ေသဆုံးသည့္ လူေပါင္း တစ္ႏွစ္မွာ(၄၁) သန္းခန႔္ရွိၿပီး ၎အေရအတြက္သည္ ငွက္ဖ်ားေရာဂါ၊တီဘီေရာဂါနဲ႔ အိပ္ခ္်အိဳင္ဗြီ/ ေအအိုင္ဒီအက္စ္ စတဲ့ ကူးစက္တတ္ေသာ ေရာဂါမ်ား ေၾကာင့္ေသဆုံးတာထက္ ပိုမိုျမင့္မားေနေၾကာင္း ယင္းေဆြးေႏြးပြဲမွ သိရသည္

ခ်ိဳေမာင္

——————————————————-


မိုးကောင်းတွင် မကူးစက်နိုင်သော ရောဂါများအကြောင်းရှင်းလင်းဆွေးနွေး

EPN
မိုးကောင်း၊ ဧပြီ ၂၉

ကချင်ပြည်နယ်မိုးကောင်းမြို့ မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ဧပြီ ၂၉ ရက် နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ မကူးစက်နိုင်သော ရောဂါများ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆိုင်ရာ အသိပေးရှင်းလင်းတင်ပြခြင်း Package of Essential Non-communicable Disco Interventions (PEN)ကို ကျင်းပပြုလုပ်ခဲ့သည်။

မိုးကောင်းမြို့နယ် ပြည်သူလူထုအတွင်းတွင် မကူးစက်နိုင်သောရောဂါများ၏ ဖြစ်ပွားသေဆုံးမှုအန္တရာယ် ကြီးမားမှုကိုပိုမိုသိရှိပြီးသတိမူလာမိစေရန် မကူးစက်နိုင်သောရောဂါများကို ကာကွယ် ထိန်းချုပ်သော လုပ်ငန်းများကို ကျန်းမာရေးဌာနမှအကောင်အထည်ဖော်ရာတွင် ပြည်နယ်/တိုင်းဒေသကြီးတွင်ရှိသော တာဝန်ရှိသူများနှင့်ပြည်သူများမှ လိုအပ်သောကူညီပံ့ပိုးမှုများပေးနိုင်ရန်နှင့် အရွယ်မတိုင်မီသေဆုံးမှုများ လျော့နည်းကျဆင်းလာစေရန် ရည်ရွယ်၍ ကျင်းပကြောင်းသိရသည်။

“ကျန်းမာရေးနှင့် မညီညွတ်သောအစားအသောက်များ စားသုံးခြင်း၊ကိုယ်ကာယလှုပ်ရှားမှု နည်းပါးခြင်း၊ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲခြင်းနှင့် အရက်အလွန်အကျွံသောက်သုံးခြင်းတို့ကြောင့်
လူများတွင် သွေးချိုခြင်း၊ သွေးတွင်းအဆီဓါတ်များခြင်း သွေးတိုးခြင်းနှင့် အဝလွန်ကဲခြင်းများ ဖြစ်လာပြီး နောက်ဆုံးတွင် နှလုံးသွေးကြောကျဉ်းရောဂါ ကင်ဆာရောဂါ၊ ဆီးချိုသွေးချို ရောဂါနှင့် နာတာရှည်အဆုတ်ရောဂါများ ဖြစ်ပေါ်ပြီး အရွယ်မတိုင်မီသေဆုံးမှုတွေဖြစ်ပေါ်နေပါတယ်”ဟု မြို့နယ်ကျန်းမာရေးဦးစီးမှူးဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်စံကပြောသည်။

ဆက်လက်၍ တက်ရောက်လာသူများမှသိလိုသည်များကိုမေးမြန်းကြပြီး နမူနာအဖြစ်ယနေ့တက်ရောက်လာသူများအား မြို့နယ်ပြည်သူ့ဆေးရုံဝန်ထမ်းများမှ အရပ်တိုင်းခြင်း ကိုယ်အလေးချိန်ချိန်ပေးခြင်း သွေးပေါင်ချိန်ခြင်း ဆီးချိုသွေးချို ရှိမရှိစမ်းသပ်ပေးကာ ကျန်းမာရေးစောင့်ရှောက်မှုများပေးပြီး ၎င်းတို့ပြုလုပ်မည့်လုပ်ငန်းစဉ်ကိုချပြခဲ့သည်။

ယနေ့ တွေ့ဆုံပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူ း ရပ်ကျေးအုပ်ချုပ်ရေးမှူ းများ ပညာရေးမှူး သန္တေမီးသတ် ဒုဦးစီးမှူ း ကြက်ခြေနီတပ်ဖွဲ့ ဝင်များ အမျိုးသမီးရေးရာအဖွဲ့များ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဝန်ထမ်းများ ကျန်းမာရေးဝန်ထမ်းများ ဖိတ်ကြားထားသူများ အင်အား (၁၁၀)ဦးကျော်တက်ရောက်ကြောင်းသိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၂၀၁၈ခုနှစ်၊ ဇွန်လက ထုတ်ပြန်တဲ့ စာရင်းဇယားအရ ကမ္ဘာပေါ်မှာမကူးစက်နိုင်သောရောဂါတွေကြောင့်သေဆုံးသည့် လူပေါင်း တစ်နှစ်မှာ(၄၁) သန်းခန့်ရှိပြီး ၎င်းအရေအတွက်သည် ငှက်ဖျားရောဂါ၊တီဘီရောဂါနဲ့ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် စတဲ့ ကူးစက်တတ်သော ရောဂါများ ကြောင့်သေဆုံးတာထက် ပိုမိုမြင့်မားနေကြောင်း ယင်းဆွေးနွေးပွဲမှ သိရသည်။

ချိုမောင်
 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။