Trending Now

အမေရိကန်က နောက်ထပ် တပ်ဖွဲ့ဝင် ၃၀၀၀ ကို ပိုလန်သို့ စေလွှတ်

Spread the love

အမေရိကန်က နောက်ထပ် တပ်ဖွဲ့ဝင် ၃၀၀၀ ကို ပိုလန်သို့ စေလွှတ်
EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၂
ယူကရိန်းနဲ့ ပတ်သက်ပြီး စစ်ရေးတင်းမာမှုများ ကြီးထွားလာနေချိန်တွင် အမေရိကန်က ပိုလန်သို့ တပ်ဖွဲ့ဝင် ၃,၀၀၀ ခန့် ထပ်မံစေလွှတ်ရန် ဆုံးဖြတ်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေး အရာရှိများက ယမန်နေ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်က ပိုလန်၊ ရိုမေးနီးယားနဲ့ ဂျာမနီတို့ကို တပ်ဖွဲ့ဝင်များ စေလွှတ်ထားပြီး အဆိုပါ လှုပ်ရှားမှုမှာ ဥရောပအရှေ့ပိုင်းရှိ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
ယခုလ အစောပိုင်းကလည်း မြောက်ကာရိုလိုင်းနား Fort Bragg တွင် တပ်စွဲထားတဲ့ တပ်မ ၈၂ လေတပ်ခွဲက အဖွဲ့ဝင် ၁၇၀၀ ကို ပိုလန်သို့ စေလွှတ်ဖို့ သမ္မတ ဂျိုးဘိုင်ဒင်က ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ထပ်မံစေလွတ်မဲ့ လေကြောင်းချီတပ်သားများကလဲ နောက်ထပ် ရက်အနည်းငယ်အတွင်း ပိုလန်နိုင်ငံမှာ ပထမဆုံးရောက် ရှိနေတဲ့ တပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။
နောက်ဆုံး ဆုံးဖြတ်ချက်နေနဲ့ ဥရောပသို့ အမေရိကန် တပ်ဖွဲ့ဝင် အရေအတွက် ၅၀၀၀ ခန့်အထိ စေလွတ်ရန် ဆုံးဖြတ်ခဲ့ပြီး အဆိုပါ လုပ်ဆောင်ချက်ဟာ နေတိုးမဟာမိတ်များကို အထောက်အကူဖြစ်စေမှာဖြစ်တယ်လို့ အကြီးတန်းကာကွယ်ရေးအရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်လာမှုကို အမေရိကန်က ပြင်းပြင်းထန်ထန် သတိပေးထားပြီး ကျူးကျော် ဝင်ရောက်မှုဟာ အချိန်မရွေး စတင်နိုင်တယ်လို့ အိမ်ဖြူတော် အကြီးတန်း အရာရှိတစ်ဦးက ယမန်နေ့က ပြောကြားခဲ့ပါတယ်။
— ကိုးကား —
NHK
Ref; US to send 3,000 more troops to Poland

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။