Trending Now

အိန္ဒိယရဲတွေက ပန်ဂျပ်ပြည်နယ်ကို လွတ်လပ်ရေးတောင်းဆိုတဲ့ ဆစ်ခ်ခေါင်းဆောင်ကို ရှာဖွေနေ

Spread the love

အိန္ဒိယရဲတွေက ပန်ဂျပ်ပြည်နယ်ကို လွတ်လပ်ရေးတောင်းဆိုတဲ့ ဆစ်ခ်ခေါင်းဆောင်ကို ရှာဖွေနေ

EPN
နိုင်ငံတကာ၊ မတ် ၂၃

အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် လွတ်လပ်ရေးတောင်းဆိုထားတဲ့ အသက် ၃၀ နှစ်အရွယ် ဆစ်ခ်ခေါင်းဆောင်ကို ရဲတွေက ရှာဖွေနေပါတယ်။

တရားဟောဆရာ အာမရစ်ပါဆင် နဲ့ အပေါင်းအပါတွေဟာ ခါလစ်စတန်လို့ ခေါ်တဲ့ သီးခြားပြည်နယ်တစ်ခုကို ပြန်လည်တည်ထောင်ဖို့ ပြင်ဆင်နေပြီး ၁၉၈၀ ခုနှစ်တွေမှာ လက်နက်ကိုင်သောင်းကျန်းခဲ့တဲ့ဖြစ်စဉ်လိုမျိုး သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်အောင် လုံ့ဆော်နေတယ်လို့ အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။

၁၉၈၀ ခုနှစ်က သူပုန်ထမှုကြောင့် အိန္ဒိယအစိုးရက အငြင်းပွားဖွယ်ရာ စစ်ဆင်ရေးတပ်ရပ်ကို လုပ်ဆောင်ခဲ့ရပြီး လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်ပေါ်လာနိုင်တဲ့ မငြိမ်မသက်မှုတွေကို တားဆီးဖို့အတွက် အာဏာပိုင်တွေက ပြည်နယ်အတွင်းမှာ ထောင်နဲ့ချီတဲ့ အရံစစ်သားတွေကို တပ်ဖြန့်ထားပြီး အချို့နေရာတွေမျာ မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။

ပန်ဂျပ်ပြည်နယ် ရဲအရာရှိ ဆုချင်းဆင် က ထောက်ခံသူ ၁၅၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး သေနတ် ၁၀ လက်နဲ့ ခဲယမ်းမီးကျောက်တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အာမရစ်ပါဆင်က လွန်ခဲ့တဲ့ စနေနေ့မှာ ရဲတွေသူကို ရှာဖွေနေကတည်းက ထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပါတယ်။

အာမရစ်ပါဆင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ အကျဉ်းကျနေတဲ့ လက်ထောက်တစ်ဦး ကိုလွတ်ပေးဖို့အတွက် သူ့ရဲ့ ထောက်ခံသူတွေနဲ့အတူ ဓား၊သေနတ်တွေကိုင်ဆောင်ကာ ရဲစခန်းကို စီးနင်းဝင်ရောက်စီးနင်းခဲ့တဲ့အတွက် တစ်နိုင်ငံလုံးရဲ့ အာရုံစိုက်မှုကို ရရှိလာခဲ့ပါတယ်။

အာမရစ်ပါဆင်ဟာ အိန္ဒိယရဲ့ လူဦးရေ ၁ ဒဿမ ၇ ရာခိုင်နှုန်းခန့်ရှိတဲ့ ဆစ်ခ်လူမျိးတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ ချီတက်ပွဲတွေမှာ ဦးဆောင်သူ တစ်ယောက်အဖြစ် ထင်ရှားပါတယ်။

အာမရစ်ပါဆင်ရဲ့ မိန့်ခွန်းတွေဟာ ခါလစ်စတန် လှုပ်ရှားမှုကို ထောက်ခံသူတွေကြားမှာ ရေပန်းစားလာခဲ့ပြီး အန္ဒိယအာဏာပိုင်တွေက အဆိုပါလှုပ်ရှားမှုကို နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ထားပါတယ်။

ခါလစ်စတန် လှုပ်ရှားမှုကို ထောက်ခံသူတွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လန်ဒန်မြို့မှာရှိတဲ့ အန္ဒိယနိုင်ငံကော်မရှင်ရုံးမှာ နိုင်ငံအလံကို ဖြုတ်ချခဲ့ကြပြီး အာမရစ်ပါဆင် ဖမ်းဆီးတာကို ဆန့်ကျင်တဲ့အနေနဲ့ အဆောက်အုံ ပြတင်းပေါက်တွေကို ဖျက်ဆီးခဲ့ကြပါတယ်။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆိုပါ ဖြစ်ရပ်ကို ရှုတ်ချခဲ့ပြီး လန်ဒန်မြို့ရှိ သံရုံး လုံခြုံရေး ဖောက်ဖျက်မှုကို ကန့်ကွက်ဖို့အတွက် နယူးဒေလီရှိ ဗြိတိန် လက်ထောက် မဟာမင်းကြီးကို ဆင့်ခေါ်ခဲ့ပါတယ်။

တနင်္လာနေ့ကလည်း လှုပ်ရှားမှုကို ထောက်ခံသူတွေက ဆန်ဖရန်စစ္စကိုမှာရှိတဲ့ အိန္ဒိယကောင်စစ်ဝန်ရုံးကို ဖျက်ဆီးခဲ့ပါတယ်။

ပါဆင်က ခါလစ်စတန် လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်နေတဲ့ ဆစ်ခ်စစ်သွေးကြွခေါင်းဆောင် ရာနီရ် ဆင်ရဲ့ လုံ့ဆော်မှုကို အခိုင်အမာ ရယူထားတယ်လို့ အန္ဒိယအစိုးရက အခိုင်အမာပြောဆိုထားပါတယ်။

ရာနီရ် ဆင် နဲ့ သူရဲ့ နောက်လိုက်တွေဟာ ၁၉၈၄ ခုနှစ် မှာ အိန္ဒိယစစ်တပ်က ဆစ်ခ်ဘာသာဝင်တွေရဲ့ အမြင့်မြတ်ဆုံး ဘုရားကျောင်းဖြစ်တဲ့ ရွှေဘုရားကျောင်းကို ဝင်ရောက်စီးနင်းတဲ့အချိန်က သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။