Trending Now

ခရီးသွား အမျိုးသမီး တစ်ဦးထံမှ သိန်းခြောက်ရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

ခရီးသွား အမျိုးသမီး တစ်ဦးထံမှ သိန်းခြောက်ရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN

မြစ်ကြီးနား၊ စက်တင်ဘာ ၄ (၂၀၂၃)

ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာတွင် ခရီးသွားအမျိုးသမီး တစ်ထံမှ ကျပ်သိန်း ခြောက်ရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၅နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာ အနီးတွင် ယမန်နေ့ညနေ ၅နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးသတင်းအရ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မူဆယ်မြို့မှမန္တလေးမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်ဒေါ်မာဘောက် (ခ)ဂျာဘောက် သယ်ဆောင် လာသော လက်ဆွဲခြင်းများအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၄၄၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုး‌ငွေ ကျပ် ၁၃၂သိန်းခန့်)၊ စိတ်ကြွရူးသွပ် ဆေးပြား ၃၂၄၀၀ပြား (ဒေသကာလ ပေါက်ဈေး တန်ဖိုးငွေကျပ် ၄၈၆ သိန်းခန့် )နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဒေါ်မာဘောက်(ခ)ဂျာဘောက်၊ (၆၃)နှစ်အား ပိတ်ချင်းမြောင် နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထက်ထက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။