Trending Now

ရွှေမိုးကောင်း ကားဂိတ်၏ မိတ်ဆက်ပွဲ မြစ်ဖျားဧရာယာဉ်ရပ်နားစခန်းတွင် ကျင်းပပြုလုပ်သွားမည်

Spread the love

ရွှေမိုးကောင်း ကားဂိတ်၏ မိတ်ဆက်ပွဲ မြစ်ဖျားဧရာယာဉ်ရပ်နားစခန်းတွင် ကျင်းပပြုလုပ်သွားမည်
EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၇

ကချင်ပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိသည့် ရွှေမိုးကောင်းယာဉ်လိုင်းမှ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့လွယ်ကူစွာ သွားလာနိုင်မည့် တိုးချဲ့ဝန်ဆောင်မှုများနှင့် ပတ်သက်၍ မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက် တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွှေမိုးကောင်းယာဉ်လိုင်းသည် မြစ်ကြီးနား – ဗန်းမော် – လွယ်ဂျယ်၊ မြစ်ကြီးနား- နမ္မတီး- တနိုင်း – ရှင်ဗွေယန်၊ မြစ်ကြီးနား – မိုးကောင်း – ကာမိုင်း – လုံးခင်း – ဆိုင်းတောင် လိုင်းများကို ပြေးဆွဲသွားမည်ဖြစ်ကြောင်း ယင်းယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

“လာမယ့် ဇန်နဝါရီလ (၅)ရက်နေ့မှ တိုးချဲ့ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး မိတ်ဆက်ပွဲလေးလုပ်သွားမယ်၊ ခရီးသည်တွေအနေနဲ့လည်း လုံခြုံမှုရှိရှိနဲ့ တာဝန်ယူမှု အပြည့်ဆောင်ရွက်ထားတာလေးတွေကို သိရှိစေဖို့ ပြုလုပ်တာ ဟုတ်တယ်၊ ကျတော်တို့ ယာဉ်လိုင်းက ကားတွေမှာလည်း ဂိတ်ရဲ့ တံဆိပ် စတစ်ကာတွေကပ်ပြီး၊ ခရီးသည်တွေအနေနဲ့ တစ်စုံတစ်ရာ ပြဿနာဖြစ်ခဲ့ရင် ကားနံပါတ်နဲ့ တိတိကျကျ အမြန်ဆုံးဖြေရှင်းပေးနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်၊” ဟု ၎င်းက ဆိုသည်။

ရွှေမိုးကောင်းယာဉ်လိုင်းအသုံးပြုသူများအတွက်လည်း မြို့ပေါ်အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမည့်အပြင် ကားခနှုန်းထားများကိုလည်း လျော့ပေးသွားမည့် အစီအစဉ်များရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ခရီးသည့်တွေအတွက် ဝန်ဆောင်မှုတွေ အများကြီးပြုလုပ်သွားဖို့ပြင်ဆင်နေတယ်၊ မြို့ပေါ်ဆိုရင် အိမ်အရောက်ပို့ဆောင်ပေးတာတို့၊ ကားပေါ်မှာ ဆိုရင် ရေသန့်၊ စနိုးတာဝါ၊ မုန်ပဲ သရေစာတွေနဲ့ နောက်ပြီး ခရီးသည့်တွေအတွက် တစ်ဦးချင်းစီကိုတော့ ပုံမှန်စျေးသက်မှတ်ပြီး၊ အများနဲ့ ဆိုရင် ကားခနှုန်းထား လျော့ပေးသွားမဲ့အစီစဉ်တွေလဲ ဆောင်ရွက်သွားဖို့ ရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယင်းရွှေမိုးကောင်း ယာဉ်လိုင်းမှ မြစ်ကြီးနား – ဗန်းမော်- လွယ်ဂျယ် လိုင်းအတွက် ယာဉ် (၁၅)စီး၊ မြစ်ကြီးနား – တနိုင်းလိုင်းအတွက် ယာဉ် (၁၀)စီး၊ မြစ်ကြီးနား – ဖားကန့် လိုင်းအတွက် ယာဉ် (၁၀)စီး၊ နမ္မတီး- တနိုင်း – ရှင်ဗွေယန် လိုင်းအတွက် ယာဉ် (၁၀)စီး၊ မိုးကောင်း – ဖားကန့် လိုင်းအတွက် ယာဉ် (၁၀)စီး၊ စုစုပေါင်း ယာဉ် (၅၅)စီးဖြင့် ပြေးဆွဲသွားမည်ဟု သိရသည်။

လက်ရှိတွင် မြစ်ဖျားဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းပေါင်း (၁၁၀)လိုင်းခန့် ပြေးဆွဲလျက်ရှိကြောင်း မြစ်ကြီးနား ခရိုင်၊ ယာဉ်များကြီးကြပ်ရေးကော်မတီမှ သိရသည်။

ပန်ပန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။