Trending Now

အနုပညာရှင်များ စီးနင်းလိုက်ပါလာသည့် မီးရထားအား မိုင်းခွဲတိုက်ခိုက်မှုအပေါ် အဖွဲ့အစည်းအသီးသီးက ရှုတ်ချကြောင်း သတင်းထုတ်ပြန်

Spread the love

အနုပညာရှင်များ စီးနင်းလိုက်ပါလာသည့် မီးရထားအား မိုင်းခွဲတိုက်ခိုက်မှုအပေါ် အဖွဲ့အစည်းအသီးသီးက ရှုတ်ချကြောင်း သတင်းထုတ်ပြန်

EPN
မြစ်ကြီးနား၊ မတ် ၃၀

အနုပညာရှင်များ စီးနင်းလိုက်ပါလာသည့် မြန်မာ့ မီးရထားအား မိုင်းခွဲတိုက်ခိုက်မှုအပေါ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို) နှင့် မြန်မာနိုင်ငံ ဂီတပညာရှင်များ အစည်းအရုံးက ပြင်းထန်စွာ ရှုတ်ချကြောင်း ယနေ့ သတင်းထုတ်ပြန်ထားသည်။

အနုပညာရှင်အချိုသည် မြန်မာ့မီးရထားဖြင့် ဂုတ်ထိပ်တံတားသို့ သွားရောက်လည်ပတ်ကာ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူး၍ ယမန်နေ့ ညနေ သုံးနာရီခန့်တွင် ပြင်ဦးလွင်မြို့သို့ ပြန်လည်ထွက်ခွာလာစဉ် အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရသည့် ပြည်တွင်း၊ပြည်ပ ခရီးသွားလုပ်ငန်းများ ပြန်လည်မြင့်တင်နိုင်ရေးအတွက် အနုပညာရှင်များက ဂုတ်ထိပ်တံတားတွင် ရုပ်သံအစီအစဉ်သွားရောက် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စီးနင်းလိုက်ပါလာသည့် အနုပညာရှင်များနှင့် မြန်မာ့မီးရထားဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ထည့်သွင်းဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။