Trending Now

ကချင်ပြည်နယ် အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်ဥက္ကဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဒူဝါဇခုန်တိန့်ယိန်းမှ ဒီမိုကရေစီပါတီသစ် (ကချင်) နှင့် တွေ့ဆုံကာ ဩဝါဒချွေမိန့်ကြား

Spread the love

ကချင်ပြည်နယ် အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်ဥက္ကဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဒူဝါဇခုန်တိန့်ယိန်းမှ ဒီမိုကရေစီပါတီသစ် (ကချင်) နှင့် တွေ့ဆုံကာ ဩဝါဒချွေမိန့်ကြား

 

EPN

မြစ်ကြီးနား၊ မေ ၂၉

ကချင်ပြည်နယ် အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်ဥက္ကဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဒူဝါဇခုန်တိန့်ယိန်းသည် မေလ ၂၄ ရက်နေ့တွင် ဒီမိုကရေစီပါတီသစ် (ကချင်)၊ New Democracy Party (Kachin)၊ NDP(K) နှင့် တွေ့ဆုံကာ ကချင်ပြည်နယ် အထူးဒေသ (၁) တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို လမ်းညွှန်ဩဝါဒ‌ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနား စတင်ချိန်တွင် ကချင်ဒီမိုကရေစီပါတီသစ် (ကချင်) အတွင်းရေးမူး ဦးခေါတိန့်မှ အခမ်းအနား အစီအစဉ်ကိုပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက ဒီမိုကရေစီပါတီသစ် (ကချင်) ၏ နာယကကြီး သီရိပျံချီ ဝဏ္ဏကျော်ထင် ဒူဝါကြီး ဇခုန်တိန့်ယိန်းအား ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

ယင်းနောက်တွင် ကချင်ပြည်နယ် အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်ဥက္ကဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဒူဝါဇခုန်တိန့်ယိန်းက တက်ရောက်လာကြသည့် ဒီမိုကရေစီပါတီသစ် (ကချင်) ဗဟိုကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှုးများ၊ လူငယ်ခေါင်းဆောင်များကို နိုင်ငံရေးပါတီ အဖွဲ့အဝင်များအကြောင်း၊ နိုင်ငံတော်အတွက် အကျိုးပြုလုပ်ငန်းများတွင် NDP(K) ပါတီမှ ပါဝင်ဆောင်ရွက်ရန်၊ NDP(K) ပါတီ၏ ရည်မှန်းချက်၊ ပါတီဝင်အဖွဲ့များ စည်းလုံးမှုရှိပြီး မိမိဒေသများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေး၊ ဘာသာရေးကို အလွဲသုံးစားလုပ်ပြီး မိမိစီးပွားအဖြစ် မလုပ်ဆောင်ရန်၊ ဘာသာ‌ရေးနှင့် နိုင်ငံရေး မရောနှောစေရန် စသဖြင့် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ပြီး ပန်ဝါမြို့အတွင်း မူးယစ်ကင်းစင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ NDP(K)ပါတီသည် တိုင်းရင်းသားများအားလုံး အတူတကွ စည်းလုံးညီညွတ်မှုရရှိစေရေးကို ဆောင်ရွက်နေကြောင်း၊ နိုင်ငံရေးသမိုင်းကြောင်းများ၊ မိမိဒေသအတွက် ငြိမ်းချမ်းရေးရရှိခဲ့အောင် ဆောင်ရွက်ခဲ့သည့် သမိုင်းကြောင်းများ၊ ငြိမ်းချမ်းရေးရပြီးနောက် မိမိဒေသရဲ့ ဖြစ်စဉ်များကို ပြောကြားခဲ့ပြီး NDP(K) ပါတီအနေဖြင့် မိမိဒေသအကျိုး၊ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ ဆောင်ရွက်သွားရန် သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဒူဝါဇခုန်တိန့်ယိန်းက လမ်းညွှန်မှာကြားကာ ဆုံးမဩဝါဒ ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဒီမိုကရေစီပါတီသစ် (ကချင်)မှ တာဝန်ရှိသူများက သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဒူဝါဇခုန်တိန့်ယိန်းထံ ပါတီ၏ ဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို တင်ပြခဲ့ကြပြီး တက်ရောက်လာသည့် ပါတီဝင်များကလည်း သိလိုသည်များကို မေးမြန်းခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဒူဝါဇခုန်တိန့်ယိန်း၊ မိုကရေစီပါတီသစ် (ကချင်)၊ New Democracy Party (Kachin)၊ NDP(K) မှ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီဝင်များ၊ လူငယ်ရေးရာကော်မတီ၊ မိခင်ကော်မတီ၊ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်တို့မှ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။