Trending Now

ကျောက်ဆည်မြို့မဈေးရှိ ရွှေဆိုင် ၂ ဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းအစုံ ၇၀ ကျပ်သားခန့်ပါသွား

Spread the love

ကျောက်ဆည်မြို့မဈေးရှိ ရွှေဆိုင် ၂ ဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းအစုံ ၇၀ ကျပ်သားခန့်ပါသွား

EPN
ကျောက်ဆည်၊ ဇန်နဝါရီ ၁၂ (၂၀၂၄)

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့စုကြီးရပ်ကွက်၊ မြို့မစျေးအပြင် ဘက် ဈေးတန်းရှိ ရွှေဆိုင်နှစ်ဆိုင်ကို ယမန်နေ့ ဇန်နဝါရီ ၁၁ရက်နေ့၊ မနက် ၁၁ နာရီကျော်က အမည်မသိ လက်နက်ကိုင် ဆောင်ထားသူ ၅ ဦးက ဓားပြတိုက်သွားပြီး၊ ရွှေထည်ပစ္စည်းအစုံ ၇၀ ကျပ်သားခန့် ပါသွားကြောင်း သက်ဆိုင်ရာမှ သိရသည်။

အဆိုပါ ဓားပြတိုက်ခံသည့် ရွှေဆိုင် (၂) ဆိုင်သည် ဦးသန်းထွန်း + ဒေါ်ခင်မာရီရွှေဆိုင်နှင့် ဦးသန်းနိုင် + ဒေါ်သူဇာဝင်းဆိုသူတို့၏ ရွှေဆိုင်များဖြစ်ပြီး၊ ဆိုင်ကယ်ဖြင့်ရောက်လာသည့် အမည်မသိ လက်နက်ကိုင်ဆောင်ထားသော အမျိုးသား ၅ ဦးက သေနတ်များ ပစ်ဖောက်ကာ ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

” ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်တွေပစ်ဖောက် သေနတ်ဒင်တွေ၊ တူတွေနဲ့ မှန်ကောင်တာတွေကို ရိုက်ခွဲပြီး ရွှေတွေလုသွားတာ။ လူတွေတော့ ပစ်တာခတ်တာမရှိဘူး။ နှစ်ဆိုင်ကိုရွှေ ၇၀ သား၊ ငွေအားဖြင့် သိန်းနှစ်ထောင်ကျော်ဖိုးလောက်ပါသွားတယ်တဲ့ ” ဟု ၎င်းကပြောသည်။

ဓားပြတိုက်ခံရသည့် ဦးသန်းထွန်း + ဒေါ်ခင်မာရီ ရွှေပန်းတိမ်ဆိုင်မှ ရွှေထည်ပစ္စည်းအစုံ ၃၀ ကျပ်သားနှင့် ဦးသန်းနိုင် + ဒေါ်သူဇာဝင်း ရွှေပန်းတိမ်ဆိုင်မှ ရွှေထည်ပစွည်းအစုံ ၄၀ ကျပ် သား စုစုပေါင်း ရွှေထည်ပစ္စည်း ၇၀ ကျပ်သားပါသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကို ရွှေအရောင်းဆိုင်လုပ်ငန်းရှင်များက ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားသည့်အတွက် တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ပြီး၊ ကျောက်ဆည်မြို့အဝင်အထွက်များတွင်
ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။