Trending Now

မြစ်ကြီးနားမြို့ရှိ စက်သုံးဆီပန့်ဆိုင်အချို့ ဆီပြတ်လက်မှုကြောင့် ပိတ်ထားရ

Spread the love

မြစ်ကြီးနားမြို့ရှိ စက်သုံးဆီပန့်ဆိုင်အချို့ ဆီပြတ်လက်မှုကြောင့် ပိတ်ထားရ

EPN

မြစ်ကြီးနား၊ မေလ ၂၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စက်သုံးဆီဆိုင်အချိူ့တွင် ဓာတ်ဆီ (92၊95) များ ပြတ်လက်နေသည့်မှာ ၄ ရက်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့တွင်းရှိ ဓာတ်ဆီပြတ်လက်နေသည့် စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

လက်ရှိတွင် ရန်ကုန် သီလဝါဆိပ်ကမ်းမှ စက်သုံးဆီထုတ်ပေးနိုင်ခြင်မရှိသည့်အတွက် မြစ်ကြီးနားမြို့တွင် စက်သုံးဆီပြတ်လက်နေရခြင်းဖြစ်ပြီး စက်သုံးဆီပြန်လည်ရရှိမည့် ရက်ကိုလည်း မသိရှိရသေးကြောင်း မြစ်ကြီးနားမြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်တစ်ဦးကပြောသည်။

” စက်သုံးဆီက ဓာတ်ဆီပဲ ပြတ်လက်နေတာ ၊ ပြတ်နေတာက ၄ ရက်လောက်ရှိပြီ ဘယ်ချိန် ဆီကားတွေရောက်မလဲတော့မသိဘူး၊ ရန်ကုန်ဘက်က ဆီထုတ်ပေးရင် တော့ ပြန်ရရှိလာမှာပေါ့” ဟု၎င်းကပြောသည်။

လက်ရှိ ရန်ကုန် သီလဝါ ဆိပ်ကမ်းတွင် စက်သုံးဆီတင်သဘောၤများရောက်ရရှိနေပြီဖြစ်သည့်အတွက် ရက်ပိုင်အတွင်း စက်သုံးဆီများ ပြန်လည်ရောက်ရှိလာမှာဖြစ်ကြောင်း ကချင်ပြည်နယ် ရေနံထွတ်ပစ္စည်းများကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောဆိုထားသည်။

” လက်ရှိမှာက စက်သုံးဆီအရောင်းဆိုင်တွေက ဓာတ်ဆီပြတ်လက်တာမျိုးရှိရင် စာတင်ပြဖို့ လုပ်ထားတယ် သူတို့ဘက်ကတော့ တင်ပြလာတာမျိုးမရှိတော့ မသိရသေးဘူး၊ အခုက သီလဝါဆိပ်ကမ်းမှာလဲ စက်သုံးဆီ သဘောၤ၂ စီး ကမ်းကပ်ပြီဖြစ်တော့ လာမယ့် ရက်ပိုင်းအတွက် စက်သုံးဆီတွေ ပြန်လည်ရောက်ရှိလာမှာဖြစ်တယ်” ဟု၎င်းကပြောသည်။

လက်ရှိ ဓာတ်ဆီမပြတ်လက်သည့်ဆိုင်များတွင်လည်း စက်သုံးဆီ ထပ်မံရောက်ရှိခြင်းမရှိပါက ရက်သတ္တပတ်ခန့်သာ ရောင်ချနိုင်သည့် ဓာတ်ဆီပမာဏသာ ကျန်ရှိတော့ကြောင်း စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။

” လက်ရှိမှာက ရန်ကုန်က စက်သုံဆီတွေ မထုတ်ပေးနိုင်သေးဘူး၊ မြစ်ကြီးနားဘက်ကို ကားတွေ မတက်လာနိုင်သေးဘူးပေါ့၊့ ဆိုင်အချို့မှာ ဓာတ်ဆီပြတ်လက်နေပြီ ကျနော်တို့စီမှာဆိုရင်လဲ ၁၀ ရက် တစ်ပတ်လောက်အတွက် ရောင်ချဖို့တော့ ကျန်ရှိသေးတယ် ဆီကားတွေ တချို့လည်း ဝင်လာဖို့တော့ရှိတယ်” ဟု၎င်းကပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်ပေါင်း (၁၅၆) ဆိုင်ရှိနေပြီး မြစ်ကြီးနား မြို့နယ်အတွင်းမှာ (၃၁) ဆိုင်ရှိနေကြောင်း ကချင်ပြည်နယ် ရေနံထွတ်ပစ္စည်းများ ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရှိ စာရင်းများအရသိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံ ယနေ့မြစ်ကြီးနားမြို့၏ ရည်ညွှန်းဈေးမှာ (၉၂) တစ်လီတာကို ၂၃၄၀ကျပ်၊ (၉၅) တစ်လီတာကို ၂၄၅၀ကျပ် ဖြင့် သက်မှတ်ပေးထားကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။