Trending Now

ဇီးဖြူကုန်းကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များက ပစ်ခတ်တိုက်ခိုက်ပြီး ဆုတ်ခွာစဉ် နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူလေးဦး မီးလောင်သေဆုံးခဲ့ကြောင်း န.စ.က ထုတ်ပြန်

Spread the love

ဇီးဖြူကုန်းကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များက ပစ်ခတ်တိုက်ခိုက်ပြီး ဆုတ်ခွာစဉ် နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူလေးဦး မီးလောင်သေဆုံးခဲ့ကြောင်း န.စ.က ထုတ်ပြန်
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၇
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များက ပစ်ခတ်တိုက်ခိုက်ပြီး ၎င်းတို့ ဆုတ်ခွာစဉ် နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း န.စ.က သတင်းထုတ်ပြန်ထားသည်။
ဇီးဖြူကုန်းကျေးရွာ၌ အခြေခံပညာအလယ်တန်းကျောင်း၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား PDF များက ဖေဖော်ဝါရီ ၁၄ ရက်နေ့ ည ၁၂ နာရီခွဲတွင် ကျေးရွာ၏မြောက်ဘက်မှ လက်လုပ်စိန်ပြောင်း၊ တူမီးသေနတ်၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ခုခံပစ်ခတ်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာတွင် PDF များသည် ကျေးရွာ၏ မြောက်ဘက်ရှိ ချောင်းဦးကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း ဖော်ပြပါရှိသည်။
၎င်းတို့ဆုတ်ခွာထွက်ပြေးရာ လမ်းတစ်လျောက်ရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပြည်သူတို့၏ နေအိမ်များ မီးကူးစက်လောင်ကျွမ်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့သော်လည်း ကျေးရွာရှိ အပြစ်မဲ့ပြည်သူများ၏နေအိမ် ၃၁ လုံး မီးလောင်ပျက်စီးဆုံးရှုံးပြီး အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦးမှာ နေအိမ်များအတွင်း ပိတ်မိ၍ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့မီးလောင်ပျက်စီးခဲ့သည့် နေအိမ် ၃၁ လုံးမှ အိမ်ထောင်စု ၃၁ စု၊ ကျေးရွာနေပြည်သူ ၁၇၁ ဦးတို့အား ကျေးရွာရှိဘုန်းတော်ကြီးကျောင်းသို့ ရွှေ့ပြောင်းပို့ဆောင်ထားရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများ ဆက်လက်လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် လက်လုပ်တူမီးသေနတ် ၁ လက်၊ လက်လုပ်ပစ္စတိုသေနတ် ၂ လက်၊ ၄၀ မမ လက်လုပ် ဗုံးသီး ၁၃ လုံး ၅.၅၆ ကျည် ၁ တောင့်၊ ၇.၆၂ ကျည် ၉ တောင့်တို့ကို ကျေးရွာပတ်လမ်း၌ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။
ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။