Trending Now

ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ကူညီရန် အမေရိကန်သို့ ဆေးဘက်ဆိုင်ရာကိရိယာများ ရုရှား ပို့ဆောင်

Spread the love

ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ကူညီရန် အမေရိကန်သို့ ဆေးဘက်ဆိုင်ရာကိရိယာများ ရုရှား ပို့ဆောင်

EPN
နိုင်ငံတကာ ဧပြီ ၂

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် ပံ့ပိုးကူညီရန် အမေရိကန်နိုင်ငံသို့ ဆေးဘက်ဆိုင်ရာ ကိရိယာများ၊ အခြားပစ္စည်းများ တင်ဆောင်ထားသော သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း စေလွှတ်ခဲ့ ကြောင်း ရုရှားနိုင်ငံက ပြောကြားသည်။

ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ ၁ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ သမ္မတ ဗ လာဒီမာပူတင်သည် မတ်လ ၃၀ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဖုန်းဖြင့်ဆွေးနွေးမှုအတွင်း အကူ အညီပေးရန် ကမ်းလှမ်းခဲ့ကြောင်း ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပတ်ရှ်ကော့ဗ်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ လူသားချင်းစာနာထောက်ထားသော အကူအညီအတွက် ကျေးဇူးတင်ရှိသည်ဟု ပြော ကြားခဲ့ပြီး အကူအညီကို လက်ခံခဲ့သည်ဟု ပတ်ရှ်ကော့ဗ်က ဆိုသည်။

ဧပြီလ ၁ ရက်ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက် မှု ၂၈၀၀ ခန့်ရှိပြီး မတ်လ ၃၁ ရက်ကထက် ကူးစက်မှု ၄၀၀ ကျော် မြင့်တက်လာခဲ့ကြောင်း ရုရှားနိုင်ငံက အတည် ပြုခဲ့သည်။

လက်ရှိအချိန်တွင် အခြားတိုင်းပြည်များကို အကူအညီပေးရမည့်အချိန်မဟုတ်ဟု ရုရှားနိုင်ငံရှိ လူအချို့က ကန့်ကွက်ကြသည်။ ဤသို့ ပံ့ပိုးကူညီမှုက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကြောင့် အေးတိအေးစက်ဖြစ်နေသော အ မေရိကန်-ရုရှားဆက်ဆံရေးအတွက် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ရှိလာမည်ဟု အချို့က ပြောကြားသည်။

ရုရှားနိုင်ငံက အီတလီနိုင်ငံသို့ ဆရာဝန်များ၊ အထူးကုများအပြင် ဆေးဘက်ဆိုင်ရာကိရိယာများ ပေးပို့ခဲ့ သည်။

ဥရောပမီဒီယာများစွာက ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သော်လည်း အကူအညီ၏ နောက်ကွယ်တွင် နိုင်ငံရေးတွက်ချက်မှုတစ်ခုရှိမည်ဟု ထင်မြင်ယူဆခဲ့ကြသည်။

–ကိုးကား–အင်န်အိတ်ချ်ကေ
Ref; Russia sends medical equipment to US


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။