Trending Now

နောင်မွန်းမြို့တွင် ရေကြီးရေလျှံမှုများကြောင့် နေအိမ်များရွေ့ပြောင်းနေရ

Spread the love

နောင်မွန်းမြို့တွင် ရေကြီးရေလျှံမှုများကြောင့် နေအိမ်များရွေ့ပြောင်းနေရ

EPN
မြစ်ကြီနား၊ စက်တင်ဘာ ၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့တွင် တစ်ပတ်နီးပါး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကဆန်ချောင်းရေဆက်တိုက်မြင့်တက်လာကာ ရေကြီးရေလျှံများဖြစ်ပေါ်နေပြီး နေအိမ်များရွေ့ပြောင်းနေရကြောင်း သိရသည်။

“နောင်မွန်းချောင်းရေစီးကြောင်း တစ်လျှောက်ရွာတွေမှာလည်းရေကြီးနေပြီ အိမ်တွေလဲ ပြောင်းရွေ့နေရတယ် လယ်ယာမြေတွေလဲရေမြှုပ်နေပြီ “ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုနှစ်ရေကြီးရေလျှံမှုသည် ယခင်နှစ်များထက် အခြေအနေဆိုးရွားလျက်ရှိကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။
“ဒီနှစ်မိုးကနောင်မွန်မှာ ခါတိုင်းထက် ပိုပြီးကြီးတယ်။ တခြားရွာတွေမှာလည်း အပျက်အစီးတွေရှိမှာပဲ။” ဟု ကိုမျိုးအောင်က လူမှုကွန်ယက်စာမျက်နာတွင် ဖော်ပြထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ညနေပိုင်းအထိ ကချင်ပြည်နယ်အထက်ပိုင်းတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အသိပေးထားသည်။

ဝလုံး
Photo – MyoAungPrg

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။