Trending Now

ရွှေဆွဲကြိုးလုယက်မှုနဲ့ ထိုင်းလေတပ်အရာရှိ ဖမ်းဆီးခံရ

Spread the love

ရွှေဆွဲကြိုးလုယက်မှုနဲ့ ထိုင်းလေတပ်အရာရှိ ဖမ်းဆီးခံရ

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၃၀

ထိုင်းနိုင်ငံ နွမ်ဘူသရီမြို့ ရွှေဆိုင်ကနေ ဆွဲကြိုးလုယက်မှုနဲ့ ထိုင်းလေတပ်အရာရှိတစ်ဦး အခင်းဖြစ်ပွားရာ နေရာမှာပဲ စနေနေ့က ဖမ်းဆီးခံလိုက်ရပါတယ်။

လုယက်မှုဖြစ်ပွားနေချိန်မှာ အော်ဟစ်အကူအညီတောင်းခံ သံကြောင့် အခင်းဖြစ်ပွားရာနေရာကို ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ရောက်ရှိနေတဲ့ ရဲအရာရှိတစ်ဦးက ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးရမိခဲ့တဲ့ ဆွဲကြိုးလုယက်သူဟာ ထိုင်းတော်ဝင်လေတပ် အကယ်ဒမီမှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၄၀ နှစ်အရွယ် အရာရှိ ဆူပမ် အင်စာဝမ် ဆိုတာကို နောက်ပိုင်းမှ စစ်ဆေးဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

သူဟာ အွန်လိုင်းလောင်းကစားကြောင့် ငွေလိုအပ်နေကြောင်း ဝန်ခံခဲ့သလို ငွေရေးကြေးရေး ကိစ္စကြောင့် မိန်းမဖြစ်သူနဲ့ မကြာခဏ စကားများနေတာကြောင့် ထောင်ထဲကို ဝင်ရောက်ချင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ လေတပ်အရာရှိ ဆူပမ် အင်စာဝမ်ကို သက်ဆိုင်ရာ ရဲစခန်းကို လွဲပြောင်းပေးအပ်ခဲ့ပြီး တရားဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

— ကိုးကား —
bangkokpost
ref; Air force officer nabbed for snatching gold necklace

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။