Trending Now

ရွှေဘိုမြို့ လျှပ်စစ်ရုံးဗုံးကွဲ ဝန်ထမ်းတစ်ဦး ဒဏ်ရာရ

Spread the love

ရွှေဘိုမြို့ လျှပ်စစ်ရုံးဗုံးကွဲ ဝန်ထမ်းတစ်ဦး ဒဏ်ရာရ

EPN
မြစ်ကြီးနား၊ မတ် ၂၄

စစ်ကိုင်းတိုင်း ရွှေဘိုမြို့၊ အမှတ်သုံး ရပ်ကွက်ရှိ မြို့နယ် လျှပ်စစ်ရုံးဝင်းအား ယနေ့နံက်ပိုင်းက PDF အဖွဲ့မှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့၍ ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“ ဒီနေ့မနက် ၉ နာရီခွဲလောက်က မြို့နယ် လျှပ်စစ်ရုံးအတွင်း မှာ PDF တွေလာထောင်သွားတဲ့မိုင်းပေါက်ကွဲပြီး ရုံးလာတက်တဲ့ ဝန်ထမ်းတစ်ယောက် ဒဏ်ရာရသွားလို့ အရေးပေါ်ဆေးရုံပို့လိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိသည့်အပြင် ရုံးအဆောက်အဦး တံခါးမှန်များ၊ မျက်နှာကျက်များ ပျက်ဆီးသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွာရာ လျှပ်စစ်ရုံးဝင်းအတွင်း နယ်မြေလုံခြုံရေးဝန်ထမ်းများက စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်ဖောက်ခွဲမှုနှင့် ပတ်သက်ပြီး တရာခံအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။