Trending Now

ရုရှားကို တိုက်ခိုက်ဖို့ ဂျာမန်စစ်တပ် ဆွေးနွေးနေတယ်လို့ ကရင်မလင်ပြော

Spread the love

ရုရှားကို တိုက်ခိုက်ဖို့ ဂျာမန်စစ်တပ် ဆွေးနွေးနေတယ်လို့ ကရင်မလင်ပြော

EPN
နိုင်ငံတကာ၊ မတ် ၅

ဂျာမန်စစ်တပ်ရဲ့ ဆွေးနွေးမှုမှတ်တမ်းတင်ထားတဲ့ အသံဖိုင်တစ်ခုထဲမှာ ရုရှားပိုက်နက်ကို တိုက်ခိုက်မယ့် အစီအစဉ်တွေကို ဆွေးနွေးနေတယ်လို့ ကရင်မလင်နန်းတော်က တနင်္လာနေ့မှာ ပြောကြားခဲ့ပြီး ဒါကို ဂျာမန်အဓိပတိ အိုလက်ဖ်ရှောက ထိန်းချုပ်နေသလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ယူကရိန်းအတွက် လက်နက်နဲ့ ခရိုင်မီးယားတံတားပေါ်က တိုက်ခိုက်မှုဖြစ်နိုင်ခြေကို ဆွေးနွေးနေတဲ့ ဂျာမန်အကြီးတန်း စစ်အရာရှိတွေရဲ့ အစည်းဝေး အသံဖိုင်မှတ်တမ်းတစ်ခုကို ရုရှားမီဒီယာတစ်ခုက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါအစည်းအဝေးအတွင်းမှာ ရုရှားပိုင်နက်ကို တိုက်ခိုက်မှုတွေ ဆင်နွှဲဖို့ အစီအစဉ်တွေကို အခိုင်အမာနဲ့ ပြတ်သားစွာ ဆွေးနွေးနေကြောင်းနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်ပေးဖို့ ရုရှားက ဂျာမနီသံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။

 

“ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုချက်မှမလိုအပ်ပါဘူး။ အရာအားလုံးက သိသာထင်ရှားပါတယ်။ ဒီအခြေအနေကို အိုလက်ဖ်ရှောကဘယ်လို ထိန်းချုပ်မှာလဲ။ ဒါမှမဟုတ် ဂျာမန်အစိုးရမူဝါဒရဲ့ အစိတ်အပိုင်းလား။” လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပတ်စ်ကော့ဗ်က မေးခွန်းထုတ်ခဲ့ပါတယ်။

၃၈ မိနစ်ကြာ ဆွေးနွေးမှုမှတ်တမ်း အသံဖိုင်ပေါက်ကြားမှုဟာ စစ်မှန်ကြောင်းကို ဂျာမနီက အတည်ပြုခဲ့ပြီး ဒါကို ရုရှားက ဘယ်လိုရယူသွားသလဲဆိုတာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“ဒီပေါင်းစပ်တိုက်ခိုက်မှုဟာ မလုံခြုံမှုတွေကို ဖန်တီးပြီး ကျွန်တော်တို့ကို စိတ်ဝမ်းကွဲစေဖို့အတွက် ရည်ရွယ်ပါတယ်။ ဒါကို ကျွန်တော်တို့က လက်ခံမှာမဟုတ်သလို ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့ ဆက်သွယ်ထားပါတယ်” လို့ အစိုးရပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အဆိုပါပေါက်ကြားမှုဟာ ဂျာမနီအတွက် စုံစမ်းစစ်ဆေးရမယ့် ကိစ္စဖြစ်ပြီး ယူကရိန်းကို ထောက်ပံ့ဖို့အတွက် ဂျာမနီနဲ့ ဗြိတိန်တို့က ဆက်လက်လုပ်ဆောင်သွားမယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဂျာမနီဟာ ရုရှား-ယူကရိန်းစစ်ပွဲစတင်ကတည်းက ယူကရိန်းကို လက်နက်နဲ့ တင့်ကားတွေကိုပါထောက်ပံ့ခဲ့တဲ့ နေတိုးအဖွဲ့၀င်နိုင်ငံတစ်ခုဖြစ်ပါတယ်။

အနောက်အုပ်စုဟာ ယူကရိန်းကို အသုံးချပြီး ရုရှားနဲ့ ပရောက်စီစစ်ပွဲဆင်နွှဲနေတယ်လို့ ရုရှားကစွပ်စွဲထားပြီး ရန်လိုမှုစစ်ပွဲကို ခုခံကာကွယ်ဖို့ ကိယက်ဗ်ကို ကူညီပေးနေတယ်လို့ နေတိုးက ပြောပါတယ်။

ref;Reuters


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။