Trending Now

သုံးနှစ်ကြာ ရပ်နားထားသည့် တောင်ကြီး တန်ဆောင်တိုင် ရိုးရာ မီးပုံးပျံ ပွဲတော်ကို ပြန်လည်ကျင်းပမည်

Spread the love

သုံးနှစ်ကြာ ရပ်နားထားသည့် တောင်ကြီး တန်ဆောင်တိုင် ရိုးရာ မီးပုံးပျံ ပွဲတော်ကို ပြန်လည်ကျင်းပမည်

EPN
လားရှိုး၊ စက်တင်ဘာ ၂၅ (၂၀၂၃)

၃နှစ်ကြာ ရပ်နားထားသည့် တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို ယခုနှစ်၌ ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း ရှမ်းပြည် နယ် တောင်ပိုင်း ရိုးရာမီးပုံးပျံ ပညာရှင်များ အသင်းမှ သိရသည်။

အတောင်ကြီးတန်ဆောင်တိုင်ပွဲသည် ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးအကျပ်အတည်းများကြောင့်ရပ်နားထားခဲ့ရပြီး ယခုနှစ် နို၀င်ဘာလအတွင်း ၇ ရက်တိုင်တိုင် အဝေရာ မီးပုံးပျံကွင်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

”အခုပွဲတော်ကို ဖောင်တော်ဦးဘုရားပွဲတော်ရက်နဲ့ တစ်ပေါင်း တည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပွဲတော်ကို ခရီးသွားလုပ်ငန်း ပြန်လည် တိုးတက်ဖို့နဲ့ ဒေသထွက် အစားအစာတွေနဲ့ အသုံးအဆောင်တွေ ရောင်းချနိုင်ဖို့ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။”ဟု သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ယခုနှစ်၌ ပြိုင်ပွဲပုံစံထက် ပွဲတော်ကို ဦးစားပေး ကျင်းပမည်ဖြစ်ပြီး ညမီးကြီး မီးပုံးပျံ၊ စိန်နားပန် မီးပုံးပျံ၊ နေ့လွှတ် အရုပ်ခြေ ၂ ချောင်း၊ ခြေ ၄ ချောင်း စသည့် အရုပ်အုပ်စုများ လွှတ်တင်သွားရန် စီစဉ်ထား ကြောင်း သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။