Trending Now

ဘင်္ဂလားဒေ့ရှ် အလယ်ပိုင်းမှာ ဘတ်စ်ကား တိမ်းမှောက်လို့ ၁၉ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရ

Spread the love

ဘင်္ဂလားဒေ့ရှ် အလယ်ပိုင်းမှာ ဘတ်စ်ကား တိမ်းမှောက်လို့ ၁၉ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရ

EPN
နိုင်ငံတကာ၊ မတ် ၂၀

ဘင်္ဂလားဒေ့ရှ် အလယ်ပိုင်းမှာ အရှိန်ပြင်းစွာမောင်းနှင်လာတဲ့ ဘတ်စ်ကားတစ်စီး လမ်းဘေးမြောင်းထဲကို ထိုးကျကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ၁၉ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘတ်စ်ကားက အနောက်ပိုင်း ကာလ်နာ မြို့တော်ကနေ ထွက်ခွာလာခဲ့တာဖြစ်ပြီး မာဒါရီပူး ခရိုင်ရှိ ရှီဘချာမြို့ အနီးကို ရောက်ရှိချိန် တနင်္ဂနွေနေ့က မတော်တဆမှုဖြစ်ပွားခဲ့တာလို့ ရဲအရာရှိ အာဘူး နာရီး က ပြောပါတယ်။

ဘတ်စ်ကားမောင်းနှင်သူ အပါအဝင် လူ ၁၄ ဦး အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးသွားခဲ့ပြီး ဆေးရုံကို ပို့ဆောင်နေစဉ်မှာ နောက်ထပ် လူ ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းက ဖော်ပြပါတယ်။

ဘတ်စ်ကား တိမ်းမှောက်ရတဲ့ အကြောင်းရင်းကို ချက်ချင်းမသိရသေးဘူးလို့ အေပီသတင်းဌာနက ဖော်ပြထားပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။