Trending Now

မြစ်ကြီးနား-ပူတာအိုလမ်းတွင် KIAအဖွဲ့မှ ဖမ်းဆီးခဲ့သည့် ခရီးသည် ၂၀ ကျော်ကို ရပ်မိရပ်ဖများ၏ တောင်းဆိုမူကြောင့်ပြန်လွတ်ပေးခဲ့

Spread the love

မြစ်ကြီးနား-ပူတာအိုလမ်းတွင် KIAအဖွဲ့မှ ဖမ်းဆီးခဲ့သည့် ခရီးသည် ၂၀ ကျော်ကို ရပ်မိရပ်ဖများ၏ တောင်းဆိုမူကြောင့်ပြန်လွတ်ပေးခဲ့

EPN

မြစ်ကြီးနား၊ဒီဇင်ဘာ ၅

ကချင်ပြည်နယ် မြစ်ကြီးနား-ပူတာအိုသွားလမ်း ဆွမ်ဘရာဘွမ်မြို့ခတ်ခရားယန် ကျေးရွာအနီးတွင် ဒီဇင်ဘာ ၃ရက်နေ့က KIA ရင်း (၂၂)အဖွဲ့မှ ခရီးသည် ၂၀ ကျော်ကို လူသစ်စုဆောင်းရေးအတွက်ဖမ်းဆီးခဲ့ပြီး ပူတာအိုမြို့ရှိ ရပ်မိရပ်ဖများ၏ တောင်းဆိုမူကြောင့် ပြန်လွတ်ပေးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဖမ်းဆီးခံရသည့် မိသားစုဝင်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ ရက်နေ့က ဆွမ်ဘရာဘွမ်မြို့နယ် ခတ်ခရားယန် ကျေးရွာအနီးတွင် KIA ရင်း (၂၂)မှ မြစ်ကြီးနား-ပူတာအို ခရီးသည်တင်ယာဉ်များအား ရပ်တန့်စစ်ဆေးကာ အမျိုးသား ၂၀ ကျော်ခန့်ကို လူသစ်စုဆောင်းရေးအတွက် အင်ဂျန်းယန်မြို့နယ် အင်ဂွန်လရှိ KIA ရင်း(၂၂)သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ခရီးသည်များ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ ပူတာအိုမြို့ရှိ ရပ်မိရပ်ဖများမှ ပြန်လွှတ်ပေးရန်တောင်းဆိုမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးခံရသူများအားလုံးကို KIA အဖွဲ့မှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

လူသစ်စုဆောင်းရေးတွင် ဖမ်းဆီးခံရသည့်အထဲမှ အများစုမှာ ပူတာအိုဘက်မှ ရဝမ်လူငယ်များ အများဆုံးပါဝင်ပြီး အတင်းအဓမ္မ ဖမ်းဆီးသည့်လုပ်ရပ်များကို ကန့်ကွက်ကြောင်း ပူတာအိုမြို့ရှိ ရပ်မိရပ်ဖတစ်ဦးထံမှ သိရသည်။

“သူတို့ကိုဖမ်းတာက ဒီဇင်ဘာ ၃ ရက်နေ့ကဖမ်းသွားတာ၊ဒီ‌နေ့မနက်ပိုင်းမှ ပြန်လွတ်ပေးတယ်၊ကျွန်တော်တို့ပူတာအိုက လူကြီးတွေ၊ ရပ်မိရပ်ဖတွေက ပြန်တောင်းဆိုမူကြောင့်ပေါ့၊ အဲ့ဒီလိုဖမ်းသွားတဲ့အထဲမှာ ရဝမ်လူမျိုးတွေက ပိုများတယ်၊အခုလိုမျိုး ခရီးသည်တွေကို အတင်းအဓမ္မ ဖမ်းဆီးတာမျိုးတော့ ကန့်ကွက်တယ် ၊ အခုလို ခရီးသွားတဲ့သူတွေကို ဖမ်းဆီးတာတွေက မတရားတဲ့လုပ်ရပ်လို့ပဲပြောချင်တယ်”ဟု ၎င်းကပြောသည်။

ယခုရက်ပိုင်းအတွင်း KIAမှ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း၊ မြစ်ကြီးနား-တနိုင်းလမ်းပိုင်းများတွင် ခရီးသည်ယာဉ်များကို ရပ်တန့်စစ်ဆေးကာ ဆက်ကြေး ကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းအတွက် ဖမ်းဆီးခေါ်ဆောင်ခြင်းများကို ပိုမိုပြုလုပ်လာကြကြောင်း ဒေသခံများထံမှ သိရသည်။

လင်းယုန်

ပုံ – မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတစ်နေရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။