Trending Now

အိန္ဒိယရဲ့ နှစ်စဉ်ပို့ကုန်ကနေ အမေရိကန်ဒေါ်လာ ၇၅၀ ဘီလီယံကျော် ရရှိ

Spread the love

အိန္ဒိယရဲ့ နှစ်စဉ်ပို့ကုန်ကနေ အမေရိကန်ဒေါ်လာ ၇၅၀ ဘီလီယံကျော် ရရှိ

EPN
နိုင်ငံတကာ၊ မတ် ၂၉

ဝန်ဆောင်မှုနဲ့ ကုန်ပစ္စည်းတွေ အပါအဝင် အိန္ဒိယရဲ့ စုစုပေါင်း ပို့ကုန်ကနေ လက်ရှိဘဏ္ဍာရေးနှစ် ၂၀၂၃-၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၇၅၀ ဘီလီယံကျော် ရရှိခဲ့တယ်လို့ ဖက်ဒရယ် ကူးသန်းရောင်းဝယ်ရေးဌာနက ပြောကြားခဲ့ပါတယ်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အဆိုအရ အိန္ဒိယနိုင်ငံရဲ့ ပို့ကုန်ဝင်ငွေဟာ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ဒေါ်လာ ၂၅၀ ဘီလီယံနီးပါး တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

” ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ကုန်ပစ္စည်း တင်ပို့မှုကနေ ဒေါ်လာ ဘီလီယံ ၅၀၀ ရရှိခဲ့ပေမယ့် နှစ်စဉ်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။” လို့ ဝန်ကြီး Goyal ကပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကိုးနှစ်တာကာလအတွင်း အိန္ဒိယအစိုးရဟာ အနှောက်အယှက်ကင်းကင်းနဲ့ ရေရှည်တည်တံတဲ့ စီးပွားရေးတိုးတက်မှု အခြေခံအုပ်မြစ်တွေကို တည်ဆောက်ဖို့ အာရုံစိုက်ခဲ့တယ်လို့ အဲဒီဝန်ကြီးဌာနက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ မိမိကိုယ်မိမိ မှီခိုအားထားနိုင်တဲ့ နိုင်ငံတစ်ခုဖြစ်လာဖို့ ရည်မှန်းထားပြီး ဒါဟာ တံခါးပိတ်ဝါဒ ကျင့်သုံးတာမဟုတ်ဘဲ နိုင်ငံအတွင်း ပိုမိုတိုးတက်စေဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

လက်ရှိဘဏ္ဍာရေးနှစ်အတွက် အိန္ဒိယ ပို့ကုန်နဲ့ သွင်းကုန် ကိန်းဂဏန်း အတိအကျကို အခုသီးတင်းပတ်နှောင်းပိုင်းမှာ ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။

ref; xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။