Trending Now

လမ်းဘေးမှာ သေဆုံးနေတဲ့ မြန်မာအမျိုးသားတစ်ဦးကို ထိုင်းအဏာပိုင်တွေ တွေ့ရှိ

Spread the love

လမ်းဘေးမှာ သေဆုံးနေတဲ့ မြန်မာအမျိုးသားတစ်ဦးကို ထိုင်းအဏာပိုင်တွေ တွေ့ရှိ

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၂

ဆီချွန်းခရိုင် မူး ၈ ကျေးရွာအနီးက လမ်းဘေးမှာ ဒီနေ့ မနက်ပိုင်းက မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။

အဆိုပါအမျိုးသားဟာ စီချွန်ခရိုင်အတွင်းက စိုက်ခင်တစ်ခုမှာ အလုပ်လုပ်ကိုင်တဲ့ အသက် ၉၆ နှစ်အရွယ် ဦးစိုးပိုင်ဆိုသူ ဖြစ်ပြီး ဖျားနာမှုကြောင့် သေဆုံးသွားတာလို့ ယူဆရကြောင်း ရဲက ပြောပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းက သေဆုံးသွားတဲ့ ဦးစိုးပိုင်ဟာ မနေ့က ညပိုင်းကတည်းက သူနေထိုင်ရာ အိမ်ကနေ ပျောက်ဆုံးနေခဲ့တာလို့ သူရဲ့ အသိမိတ်ဆွေတွေက ပြောပါတယ်။

အခင်းဖြစ်တဲ့ နေရာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စီချွန်းခရိုင်ဆေးရုံက ဆရာဝန်တွေ သွားရောက် စစ်ဆေးခဲ့ကြပြီး ဆေးစစ်ချက်အရ အကြမ်းဖက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ အခြားထိခိုက်ဒဏ်ရာတွေ မတွေ့ရှိရတဲ့အတွက် နာတာရှည်ရောဂါတစ်ခုခုကြောင့် သေဆုံးသွားခဲ့တာလို့ ဆရာဝန်တွေက သုံးသပ်ထားပါတယ်။

လက်ရှိအချိန်မှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို လူမှုကူညီရေး ဖောင်ဒေးရှင်းတစ်ခုဖြစ်တဲ့ Tai Teck Tung မှာ ထားရှိပြီး သေဆုံးသူရဲ့ ဆွေမျိုးတွေကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

— ကိုးကား —
ဘန်ကောက်ပို့စ်
Ref; Myanmar man found dead on roadside

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။