Trending Now

အမ်ိ ဳးသားျဒပ္​မဲ့ ယဥ္​​ေက်းမႈ အ​ေမြအႏွစ္​မ်ားကို ထိန္​းသိမ္​း​ေစာင္​့​ေရွာက္ရန္​ ျမစ္​ႀကီးနား၌ ႏွစ္​ရက္​တာသင္​တန္​းဖြင္​့လွစ္

Spread the love

အမ်ိ ဳးသားျဒပ္​မဲ့ ယဥ္​​ေက်းမႈ အ​ေမြအႏွစ္​မ်ားကို ထိန္​းသိမ္​း​ေစာင္​့​ေရွာက္ရန္​ ျမစ္​ႀကီးနား၌ ႏွစ္​ရက္​တာသင္​တန္​းဖြင္​့လွစ္
 

EPN
ျမစ္​ႀကီးနား၊ မတ္​ ၂၇

အမ်ိ ဳးသားျဒပ္​မဲ့ယဥ္​​ေက်းမႈအ​ေမြအႏွစ္​မ်ားကိုထိန္​းသိမ္​း​ျခင္​းႏွင္​့ ​စာရင္​းျပဳစုျခင္​းဆိုင္​ရာ သင္​တန္​းကို ျမန္​မာႏိုင္​ငံရိွ ျပည္​နယ္​/တိုင္​း အခ်ိ ဳ႕တို႔တြင္​ ဖြင္​့လွစ္​ႏိုင္​ခဲ့လွ်က္ရွိရာ ကခ်င္​ျပည္​နယ္​၌လည္​း မတ္​လ ၂၅ရက္​​ေန႔မွ ၂၆ရက္​​ေန႔အထိ ႏွစ္​ရက္ၾကာသင္​တန္​းကို ျမစ္​ႀကီးနား တကၠသိုလ္​၌ ဖြင္​့လွစ္​ခဲ့​ေၾကာင္​း သိရသည္​။

အဆိုပါ သင္​တန္​းကို သာသနာ​ေရးႏွင္​့ ယဥ္​​ေက်းမႈဦးစီးဌာနမွ ႀကီးမွဴ းဖြင္​့လွစ္​​ေပးခဲ့ၿပီး ျမစ္​ႀကီးနားတကၠသိုလ္​မွ​ ေက်ာင္​းသား​ေက်ာင္​းသူမ်ားတက္​​ေရာက္​ၾကကာ တိုင္​းရင္​းသားလူမ်ိ ဳးမ်ား၏ ဘိုး​ေဘးစဥ္​ဆက္​ ဘာသာစကားမ်ား၊ စာ​ေပ၊ ဓ​ေလ့ထံုးတမ္​းအစဥ္​အလာမ်ား၊ လက္​မႈပညာရပ္​မ်ား၊ သဘာဝႏွင္​့စၾကဝ႒ာဆိုင္​ရာ အယူအဆမ်ားစသည္​့ အမ်ိ ဳးသားျဒပ္​မဲ့ယဥ္​​ေက်းမႈမ်ားကို ထိန္​းသိမ္​း​ေစာင္​့​ေ႐ွာက္​ သြားႏိုင္​ရန္​ ဖြင္​့လွစ္​​ေပးရျခင္​းျဖစ္​​ေၾကာင္​း သာသနာ​ေရးႏွင္​့ ယဥ္​​ေက်းမႈဦးစီးဌာနမွ သိရသည္​။

 “ဒီသင္​တန္​းမွာက​ေတာ့ အမ်ိ ဳးသား ျဒပ္​မဲ့ယဥ္​​ေက်းမႈအ​ေမြအႏွစ္​မ်ား အစဥ္​ျပဳစုျခင္​းႏွင္​့ စာရင္​း​ေကာက္​ယူျခင္​းဆိုင္​ရာ​ေတြကို​ေဆာင္​ရြက္​သြားမွာပါ။ အဓိက ရည္​ရြယ္​ခ်က္​က​ေတာ့အမ်ိ ဳးသားယဥ္​​ေက်းမႈကို ထိန္​းသိမ္​း​ေစာင္​့​ေ႐ွာက္​ဖို႔စာရင္​းျပဳစုျခင္​းမွာ အ​ေထာက္​ကူျပဳမယ္​့ လုပ္​ငန္​း​ေတြကိုဒီသင္​တန္​းက​ေနၿပီး​ေတာ့မွ အဓ္ိက​​ေဆာင္​ရြက္​တာပါ။” ဟု သာသနာ​ေရးႏွင္​့ ယဥ္​​ေက်းမႈဦးစီးဌာနမွ ဒုတိယၫြန္​ၾကား​ေရးမွဴ းဦးရဲျမတ္​​ေအာင္​က​ေျပာသည္​။

အဆိုပါသင္​တန္​းတြင္​ အမ​်ိ ဳးသားျဒပ္​မဲ့ယဥ္​​ေက်းမႈအ​ေမြအႏွစ္​ထိန္​းသိမ္​း​ေရးတြင္​ အဓိကက်​ေသာ အခ​်က္​မ်ားျဖစ္​သည္​့  ၂၀၀၃ခုႏွစ္က Unesco Conventionတြင္​အတည္​ျပဳခဲ့သည္​့ အ​ေျခခံသ​ေဘာတရားမ်ား၊ ထိန္​းသိမ္​း​​ေစာင္​့​ေရွာက္ရန္​ အခ်က္​အလက္​မ်ားကို အဓိကထားထည္​့သြင္​းသင္​ၾကား​ခဲ့ေၾကာင္း သိရသည္။

ယခုဖြင္​့လွစ္​သည္​့ သင္​တန္​းမွာ ငါးခု​ေျမာက္​သင္​တန္​းျဖစ္​ၿပီး က်န္​သင္​တန္​းမ်ားကို စစ္​ကိုင္​းတိုင္​း၊ ပဲခူးတိုင္​း၊ ရန္​ကုန္​တိုင္​း၊ ကယားျပည္​နယ္​တို႔တြင္​ ဖြင္​့လွစ္​ႏိုင္​ခဲ့ၿပီး ကခ်င္​ျပည္​နယ္​တြင္​ ပထမဆံုး အႀကိမ္အျဖစ္ ဖြင့္လွစ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

လြမ္​း​ေအာင္​
———————————————-
အမျိ ုးသားဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် မြစ်ကြီးနား၌ နှစ်ရက်တာသင်တန်းဖွင့်လှစ်

EPN
မြစ်ကြီးနား၊ မတ် ၂၇

အမျိ ုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းခြင်းနှင့် စာရင်းပြုစုခြင်းဆိုင်ရာ သင်တန်းကို မြန်မာနိုင်ငံရှိ ပြည်နယ်/တိုင်း အချိ ု့တို့တွင် ဖွင့်လှစ်နိုင်ခဲ့လျှက်ရှိရာ ကချင်ပြည်နယ်၌လည်း မတ်လ ၂၅ရက်နေ့မှ ၂၆ရက်နေ့အထိ နှစ်ရက်ကြာသင်တန်းကို မြစ်ကြီးနား တက္ကသိုလ်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ကြီးမှူ းဖွင့်လှစ်ပေးခဲ့ပြီး မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများတက်ရောက်ကြကာ တိုင်းရင်းသားလူမျိ ုးများ၏ ဘိုးဘေးစဉ်ဆက် ဘာသာစကားများ၊ စာပေ၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ လက်မှုပညာရပ်များ၊ သဘာဝနှင့်စကြဝဋ္ဌာဆိုင်ရာ အယူအဆများစသည့် အမျိ ုးသားဒြပ်မဲ့ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက် သွားနိုင်ရန် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ သိရသည်။

 “ဒီသင်တန်းမှာကတော့ အမျိ ုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ အစဉ်ပြုစုခြင်းနှင့် စာရင်းကောက်ယူခြင်းဆိုင်ရာတွေကိုဆောင်ရွက်သွားမှာပါ။ အဓိက ရည်ရွယ်ချက်ကတော့အမျိ ုးသားယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ဖို့စာရင်းပြုစုခြင်းမှာ အထောက်ကူပြုမယ့် လုပ်ငန်းတွေကိုဒီသင်တန်းကနေပြီးတော့မှ အဓိကဆောင်ရွက်တာပါ။” ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူ းဦးရဲမြတ်အောင်ကပြောသည်။

အဆိုပါသင်တန်းတွင် အမျိ ုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးတွင် အဓိကကျသော အချက်များဖြစ်သည့်  ၂၀၀၃ခုနှစ်က Unesco Conventionတွင်အတည်ပြုခဲ့သည့် အခြေခံသဘောတရားများ၊ ထိန်းသိမ်းစောင့်ရှောက်ရန် အချက်အလက်များကို အဓိကထားထည့်သွင်းသင်ကြားခဲ့ကြောင်း သိရသည်။

ယခုဖွင့်လှစ်သည့် သင်တန်းမှာ ငါးခုမြောက်သင်တန်းဖြစ်ပြီး ကျန်သင်တန်းများကို စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်တို့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ကချင်ပြည်နယ်တွင် ပထမဆုံး အကြိမ်အဖြစ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။