Trending Now

မက္ကဆီကို ထောင်တွင်းတိုက်ခိုက်မှုကြောင့် ရှစ်ဦး သေ၊ ရှစ်ဦး ဆေးရုံတင်ရ

Spread the love

မက္ကဆီကို ထောင်တွင်းတိုက်ခိုက်မှုကြောင့် ရှစ်ဦး သေ၊ ရှစ်ဦး ဆေးရုံတင်ရ

EPN
နိုင်ငံတကာ၊ မေ ၂၃

မက္ကဆီကိုနိုင်ငံအလယ်ပိုင်း ဂျာလစ်ကိုပြည်နယ်ရှိ အကျဉ်းထောင်တစ်ခု၌ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အကျဉ်းသားရှစ်ဦး သေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း ပြည်နယ် လုံခြုံရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပူအန်တီဂရန်ဒီရှိ အကျဉ်းထောင်တစ်ခု၌ တိုက်ခိုက်မှုဖြစ်ပွားစဉ်အတွင်း လူသုံးဦးမှာ သေနတ်ပစ်ခတ်မှု ခံရခြင်းကြောင့် သေဆုံးခဲ့ပြီး လေးဦးမှာ ရိုက်နှက်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ် အစိုးရရှေ့နေ ဂါရာဒို အော့တာဗီယိုဆိုလစ်က သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

ကနဦးတွင် လူကိုးဦးကို ဆေးရုံတင်ခဲ့ရပြီးနောက် နောက်ထပ်တစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက နောက်ပိုင်းတွင် အတည်ပြု ခဲ့သည်။ အကျဉ်းသားများက အားကစားလှုပ်ရှားမှုတစ်ခုအတွင် ပါဝင်နေစဉ် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်းအာဏာပိုင် များက ဆိုသည်။

အကျဉ်းထောင်ဝန်ထမ်းများက အကျဉ်းထောင်ကို ထိန်းချုပ်နိုင်ခဲ့သလို ခြိမ်းခြောက်ခံခဲ့ရခြင်းမရှိကြောင်း၊ အကျဉ်းသားများထံမှ သေနတ်နှစ်လက်နှင့် လက်လုပ်ဖောက်ခွဲရေးဗုံးတစ်လုံး ပြန်ရရှိခဲ့ကြောင်း တာဝန်ရှိသူများ က ပြောသည်။

တိုက်ခိုက်မှုတွင် ပါဝင်မှုကြောင့် လူငါးဦးကို ထိန်းသိမ်းခဲ့သည်။ စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ဒသ အဖြစ် တိုက်ခိုက်မှုတွင် တာဝန်ရှိသူများ ပါဝင်ခြင်းရှိ မရှိ စုံစမ်းစစ်ဆေးမည်ဟု အာဏာပိုင်များက ဆိုသည်။

–ကိုး ကား–
ဂတ်ပ်တူးဒေး
Ref; 8 inmates killed, eight hospitalised in Mexico prison fight


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။