Trending Now

မြန်မာနယ်စပ်တလျှောက် တင်းမာမှုများ အဆုံးသတ်ရေး ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ်တောင်းဆို

Spread the love

မြန်မာနယ်စပ်တလျှောက် တင်းမာမှုများ အဆုံးသတ်ရေး ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ်တောင်းဆို

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၃

မြန်မာနယ်စပ်တလျှောက် နှစ်နိုင်ငံ နယ်ခြေားစောင့်တပ်များကြား “တွေ့ဆုံဆွေးနွေးမှုများ” မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တွင် တင်းမာမှုများကို ရှောင်ရှားလိုကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen က ပြောကြားခဲ့သည်။

“အခြေခံအားဖြင့်တော့ မြန်မာနိုင်ငံတွင်းက သူတို့ရဲ့ သောင်းကျန်းသူ တွေကို အရေးယူတာ ဖြစ်တယ်။ ဒီအတွင်းမှာပဲ မရည်ရွယ်ဘဲ အဖြစ်အပျက်တွေ အတော်များများ ဖြစ်ကောင်းဖြစ်နိုင်တယ်” ဟု နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေညနေပိုင်း တွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ၁၀ ကီလိုမီတာနီးပါးအကွာတွင် ပစ်ခတ်မှုဖြစ်ပွားနေသော်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များသည် သတိရှိနေဆဲဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

နိုင်ငံအတွင်း မော်တာကျည်များ ကျရောက် ပေါက်ကွဲသည့် ဖြစ်စဉ်များ ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားပြီး အခြေခံအားဖြင့် မြန်မာ နယ်စပ်တွင် ဖြစ်ပျက်နေခြင်းဖြစ်သည်။

” ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာတော့ အသံတွေ ကြားနေရတယ်။ ဒီအတွက်ကြောင့် ဒေသခံတွေ စိတ်မငြိမ်မသက် ဖြစ်သွားနိုင်တယ်။ အခြေအနေကို စောင့်ကြည့်နေပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

ယင်းအပြင် နယ်စပ်တလျှောက် တင်းမာမှုများ မဖြစ်အောင် ကြိုးပမ်းနေကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောသည်။ “ကျွန်တော်တို့ သတိကြီးကြီးထားပြီးလုပ်ဆောင်နေပါတယ် ဘင်္ဂလားဒေ့ရှ်ထဲကို ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုပါဘူး။” ဟု ၎င်းကပြောသည်။

ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း မော်တာကျည်များ ကျရောက်ခြင်း၊ နယ်နိမိတ်ချင်း ထိစပ်နေသော ဒေသများတွင် မြန်မာမှ ဝေဟင်ပစ်လွှတ်ခြင်း နှင့် လေကြောင်း ပိုင်နက် ချိုးဖောက်ခြင်း တို့အပေါ် နက်ရှိုင်းစွာ စိုးရိမ်ကြောင်း အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ် က ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ မော်တာကျည်နှစ်စင်း ကျရောက်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အောင်ကျော်မိုးအား တွေ့ဆုံရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးကို မြတ်နိုးသည့် ပြည်သူများ၏ လုံခြုံရေးနှင့် လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း၊ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်နိမိတ် သဘောတူညီချက်ကို ချိုးဖောက်ကာ အိမ်နီးချင်းကောင်း ဆက်ဆံရေးကို ဆန့်ကျင်ကြောင်း ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက ပြောကြားခဲ့သည်ဟု ဆိုသည်။

— ကိုးကား —
TBS
ref;Bangladesh for discussions to end tensions along Myanmar border

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။