Trending Now

ယူကရိန်းနိုင်ငံ ချာနီဟစ်မြို့က စစ်ဘက်ဆိုင်ရာ ဒရုန်းပြပွဲကို တိုက်ခိုက်ခဲ့ပြီး နေတိုးတပ်ဖွဲ့ဝင်တွေ အပါအဝင် စစ်သား ၂၀ ကျော်သေဆုံးခဲ့တယ်လို့ ရုရှားပြော

Spread the love

ယူကရိန်းနိုင်ငံ ချာနီဟစ်မြို့က စစ်ဘက်ဆိုင်ရာ ဒရုန်းပြပွဲကို တိုက်ခိုက်ခဲ့ပြီး နေတိုးတပ်ဖွဲ့ဝင်တွေ အပါအဝင် စစ်သား ၂၀ ကျော်သေဆုံးခဲ့တယ်လို့ ရုရှားပြော

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၁

ယူကရိန်းနိုင်ငံမြောက်ပိုင်း ချာနီဟစ်မြို့က စစ်ဘက်ဆိုင်ရာ ဒရုန်းပြပွဲကို သြဂုတ်လ ၁၉ ရက်နေ့က တိုက်ခိုက်ခဲ့ပြီး နေတိုးတပ်ဖွဲ့ဝင်တွေ အပါအဝင် စစ်သား ၂၀ ကျော်သေဆုံးခဲ့တယ်လို့ ရုရှားက ပြောပါတယ်။

“Angry Birds” လို့ အမည်ပေးထားတဲ့ ဒရုန်းပြပွဲဟာ အရပ်ဘက် ဒရုန်းတွေအဖြစ် အသွင်ယူထားတဲ့ တိုက်ခိုက်ရေး UAV တွေကို ပြသခဲ့တာဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ တွေ့ဆုံရာနေရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ရုရှားက ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက ဒုံးကျည် ပစ်ခတ်မှုကြောင့် ခြောက်နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် လူခုနှစ်ဦး သေဆုံးခဲ့တယ်လို့ အခင်းဖြစ်ပွားခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့ က ပြောဆိုထားပါတယ်။

အဆိုပါပွဲကို ယူကရိန်းက လျှို့ဝှက်ဆောင်ရွက်မှုတွေနဲ့အညီ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး မောင်းသူမဲ့ဒရုန်း ပွဲတော်ကို လာရောက်ချိန်မှာ စစ်ယူနီဖောင်းမဝတ်ဖို့ အကြံပြုချက်နဲ့ ဖိတ်ကြားခဲ့တယ်လို့ ရုရှားက အခိုင်အမာဆိုပါတယ်။

အဆိုပါပွဲကို တက်ရောက်သူအများစုဟာ ယူကရိန်းရဲ့ တက်ကြွတဲ့ စစ်ဘက်ဆိုင်ရာအရာရှိတွေနဲ့ နေတိုးအထူးကျွမ်းကျင်သူတွေဖြစ်ပြီး ပြဇတ်ရုံအတွင်းမှာ ယူကရိန်းရဲ့ အသေခံဗုံးခွဲ တိုက်ခိုက်ရေး ဒရုန်းတွေကို ပြသခဲ့တယ်လို့ ရုရှားက ပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်းစစ်သား ၂၀ သေဆုံးကာ ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နဲ့ အဲဒီနေ့မှာပဲ ယူကရိန်းအထူးစစ်ဆင်ရေးအရာရှိတွေနဲ့ ပိုလန်နဲ့ ဘောလ်တစ်နေတိုးအဖွဲ့တို့ဟာ တိုက်ခိုက်ရေးဒရုန်းတွေကို အသုံးပြုပြီး ပေါင်းစပ် စစ်ဆင်ရေးပြုလုပ်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြဇတ်ရုံဘေးက အဆောက်အအုံတစ်ခုဟာ ယူကရိန်းနိုင်ငံရဲ့ ပင်မထောက်လှမ်းရေးဌာနနဲ့ တန်ပြန်ထောက်လှမ်းရေးဌာနချုပ်ဖြစ်ပြီး ပြပွဲမစတင်မီ တစ်ရက်အလိုကတည်းက လက်ဗီးမြို့က ရောက်ရှိလာတဲ့ နိုင်ငံခြားစစ်ရေးကျွမ်းကျင်သူ ၂၃ ဦးရှိနေခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း နေတိုးတပ်ဖွဲ့ဝင် ၂၃ ဦးအနက် ၉ ဦး သေဆုံးခဲ့ပြီး ကျန် ပျောက်ဆုံးနေဆဲလို့ ယူဆရကြောင်း ရုရှားဘက်က အခိုင်အမာပြောကြားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုရဲ့ အဓိကအကြောင်းရင်းကို ဖုံးကွယ်ပြီး ယူကရိန်းနိုင်ငံက အရပ်သားတွေ သေဆုံးခဲ့တယ်လို့ ကမ္ဘာကိုလိမ်ညာပြီး သတင်းလွင့်ခဲ့တယ်လို့လည်း ရုရှားဘက်က တုံ့ပြန်ပြောဆိုထားပါတယ်။

Ref; RIA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။