Trending Now

COVID-19 ပိုးရှိသူနှင့် အတူလေယာဉ်နှင့် ကားအတူစီးခဲ့သည့် မြစ်ကြီးနားမြို့မှ အမျိုးသားတစ်ဦး သီးသန့်ထားစောင့်ကြည့်

Spread the love

COVID-19 ပိုးရှိသူနှင့် အတူလေယာဉ်နှင့် ကားအတူစီးခဲ့သည့် မြစ်ကြီးနားမြို့မှ အမျိုးသားတစ်ဦး သီးသန့်ထားစောင့်ကြည့်

EPN
မြစ်ကြီးနား၊ မတ် ၃၁

COVID-19 ကူးစက်ခံရသူ လူနာအမှတ်စဉ်(၁၄)နှင့် အတူ လေယာဉ်နှင့် ကားအတူစီးလာသည့် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေ အမျိုးသားတစ်ဦးကိုလက်ရှိတွင် Facility Quarantine အဖြစ်ထားရှိ စောင့်ကြည့်ထားကြောင်း မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ကိုဗစ်နိုင်တင်းပိုးရှိ လူနာမှာ ကျောက်မဲမြို့ပြည်သူဆေးရုံကြီးရှိလူနာအမှတ်( ၁၄)ဖြစ်ပြီး ၎င်းနှင့်အတူ လေယာဉ်အတူးစီးနှင်းခဲ့ခြင်း ကားတစ်စီးတည်း အတူစီးခဲ့ခြင်းတို့ကြောင့် ရမ်ပူရပ်ကွက်နေ ယင်းအမျိုးသားကို ယနေ့မတ်(၃၁)နေ့မှ စတင်ကာ Facility Quarantine နေရာအအဖြစ်သတ်မှတ်ထာသည့် သားဖွားသင်တန်းကျောင်းတွင် ထားရှိစောင့်ကြည့်သွားမည် ဖြစ်ကြောင်း မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးမှ သိရသည်။

အဆိုပါ အမျိုးသားသည် မန္တလေးမှ ပြင်ဦးလွင်အထိ ကိုဗစ်နိုင်တင်းပိုးရှိလူနာနှင့် အတူ မတ်(၂၇)ရက်နေ့က AIR KBZ လေယာဉ်အတူစီးခဲ့ပြီး မန္တလေးမှ ပြင်ဦးလွင်အထိ ကားလမ်းကြုံလိုက်ခဲ့ကြောင်း၊ ပြင်ဦးလွင် မိုးကြိုးပစ်ရပ်ကွက် လူနေအိမ်တစ်ခုတွင် တစ်ည တည်းခိုပြီး မတ်လ ၃၀ရက်နေ့ ညနေပိုင်းတွင် လေအိတ်ရထားဖြင့် မြစ်ကြီးနားသို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

လက်ရှိစောင့်ကြည့်လူနာအဖြစ်ထားရှိသည့် ယင်းအမျိုးသားကို မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာဖြိုးနာန္ဒာဆွေ၊ကျန်းမာရေးဝန်ထမ်းငါးဦးနှင့် ရမ်ပူရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က အဆိုပါ ပုဂ္ဂိုလ်အား နေအိမ်မှ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးရှိအရေးပေါ်လူနာယာဉ်ဖြင့် ပို့ ခေါ်ဆောင်သွားပြီး ၎င်း၏ နေအိမ်သားများနှင့် ဦးလေးတော်စပ်သူတို့ကို Home Quarantine (၁၄)ရက်စောင့်ကြည့်သွားမည် ဖြစ်ကြောင်းသိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။