Trending Now

ဖားကန့်တွင် မိုးရွာသွန်းမှုကြောင့် မြေစာပြိုကျပြီး နေအိမ်တစ်လုံး ပျက်စီး

Spread the love

ဖားကန့်တွင် မိုးရွာသွန်းမှုကြောင့် မြေစာပြိုကျပြီး နေအိမ်တစ်လုံး ပျက်စီး

EPN
မြစ်ကြီးနား ၊ဇွန် ၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မြို့မရပ်ကွက် ကာလီဂျောင်အပိုင်း ယမန်နေ့ မနက်၈ နာရီခန့်က မိုးများရွာသွန်းမှုကြောင့် မြေစာပြိုကျပြီး လူနေအိမ်တစ်လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ဖားကန့်ဒေသတစ်လျှောက်တွင် လက်တလော မိုးများစွာရွာသွန်းလျှက်ရှိပြီး ယမန်နေ့ကလည်း မြေစာများပြိုကျကာ နေအိမ်တစ်လုံးအတွင်းသို့ မြေစာများလျောကျခဲ့ပြီး နေအိမ်ပိုင်ရှင်များမှာ အသိမိတ်ဆွေများအိမ်ထံသို့ရွေ့ပြောင်းမှီခိုနေထိုင်ရကြောင်း သိရသည်။

“မိုးကအခုတလော အရမ်းရွာနေတယ်ဒီမှာ၊မနေ့ကလည်း မိုးရွာတော့မြေစာပြိုကျပြီး အိမ်တစ်လုံးအတွင်းမှာ မြေစာတွေဝင်သွားတာ လူတွေနေလို့တောင်မရဘူး၊ ဆိုးတာက မီးဖိုချောင်ပိုဆိုးတာပေါ့မြေစာတွေကြီးပဲ၊အ ဲ့တာတွေကိုဖယ်ရှားဖို့ကလည်းများပြီးတော့ မိုးကလည်း ခုထိဆက်တိုက်ရွာနေသေးတာကြောင့် လောလောဆယ်တော့ မဖယ်ရှားနိုင်သေးဘူး၊ နေအိမ်ပိုင်ရှင်တွေရော အမျိုးတွေအိမ်မှာသွားနေရတယ်အခုထိ”ဟု မြေပြိုမှုအနီးရှိ ဒေသခံတစ်ဦးကပြောဆိုသည်။

မြေစာပုံပြိုကျမှုကြောင့် ပျက်စီးခဲသည့်နေအိမ်မှာ ဦးလဂျိုရော်၏ နေအိမ်ဖြစ်ပြီး လက်ရှိအချိန်အထိ မိုးများဆက်လက်ရွာသွန်းနေသေးသည့်အတွက် ၎င်းမြေစာများဖယ်ရှာပြီး နေအိမ်ပြန်လည်ပြုပြင်ရန် အဆင်မပြေသေးကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။