Trending Now

ပဋိပက္ခဒဏ်ခံနေရသူများအတွက် ဂျာမနီမှ ယူရို (၃ ဒသမ ၃) သန်း ထောက်ပံ့

Spread the love

ပဋိပက္ခဒဏ်ခံနေရသူများအတွက် ဂျာမနီမှ ယူရို (၃ ဒသမ ၃) သန်း ထောက်ပံ့

EPN

နေပြည်တော်၊ နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံရှိ ကမ္ဘာစားနပ်ရိက္ခာအဖွဲ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပံ့ပိုးပေး ရန်အတွက် ဂျာမနီက ယူရို ၃.၃ သန်း ထောက်ပံ့ကြောင်း သတင်းပါးရန် သံရုံးတာဝန်ခံအကြီးအကဲ York Schuegraf က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် ညွှန်ကြားရေးမှူးဖြစ်သူ Stephen Anderson နှင့် တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံမှ ထုတ်ပြန်ထားသည်။

နိုင်ငံတစ်ဝှမ်းရှိ အထိအခိုက်အလွယ်ဆုံးသော မိသားစုများနှင့် အထူးသဖြင့် ပဋိပက္ခဒဏ်ခံနေရသူများကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲက ဂျာမနီ၏ ပံ့ပိုးမှုဖြင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထုတ် ပြန်ထားသည်။

ဆက်တိုက်ရှည်ကြာစွာ ဖြစ်ပေါ်နေသည့် နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကြောင့် လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်များ ဆက်လက်တိုးမြင့်နေချိန်တွင် ဂျာမနီသည် မြန်မာနိုင်ငံရှိ အထိခိုက် အလွယ်ဆုံးသော ပြည်သူများအတွက် ယုံကြည်အားထားရသည့် မိတ်ဖက်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပြီး၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများရှိ ပြည်သူများအတွက် စဉ်ဆက်မပြတ် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများရရှိရန် ဂျာမနီနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲတို့မှ ထပ်လောင်းတောင်းဆိုလိုက် ကြောင်း ထုတ်ပြန်ထားသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။